ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ငွေစက္ကူအတုများဖျက်ဆီးပါက ဗဟိုဘဏ်က အရေးယူမည်

မြန်မာနိုင်ငံတော် ဗဟိုဘဏ် ငွေကြေး/စီမံဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်သန်းက အဆိုပါ ကိစ္စနှင့် စပ်လျဉ်း၍ ယခုကဲ့သို ့ပြောကြားထားသည်။

ငွေစက္ကူအတုများကို အကြောင်းပြု၍ ဘဏ်ဝန်ထမ်းအချို ့က ငွေစက္ကူများကို ကိုယ်တိုင်ဖျက်ဆီးခြင်း အခြားသော ဌာနများကလည်း ငွေစက္ကူ အပေါ်တွင်

ရေးခြစ်ခြင်းများပြုလုပ်နေသောကြောင့် ယင်းဖြစ်ရပ်တို ့ကို ဗဟိုဘဏ်ဥပဒေအရ တားမြစ်အရေးယူမည်ဖြစ်ပါသည်။

“ဒါတွေကို မလုပ်ဖို ့အစတည်းက အမိန် ့ထုတ်ထားပြီးသား ငွေစက္ကူအတုဖျက်တယ်ဆိုတာ ဥပဒေရ ငွေဒဏ်ဖြစ်စေ ထောင်ဒဏ် ၂ နှစ်ဖြစ်စေ အရေးယူလို ့

ရတယ် အခုက ဒါတွေကို တားမြစ်ဖို ့လုပ်မှာပါ” ဟု၎င်းက ရှင်းပြပြောဆိုပါသည်။ ဆက်လက်ပြီး လျှပ်စစ်ရုံးမှ တာဝန်ရှိသူများကိုလည်း ငွေစက္ကူအပေါ်တွင်

ရေးမှတ်ခြင်း မပြုဘဲ အခြားစာရွက်ဖြင့် ရေးမှတ်ကြရန် ပြောဆိုထားပြီးဖြစ်ကြောင်း နှင့် ငွေစက္ကူအတုကိစ္စနှင့်ပတ်သက်၍ ငွေကြေးစျေးကွက်ကို မထိခိုက်နိုင်သည့်အပြင် ပြင်ပတွင်လည်း ဘီလီယံနှင့် ချီ၍ ငွေစက္ကူအတုများ ပျံနှံနေခြင်း မရှိသောကြောင့် စိုးရိမ်ဖွယ်ရာမရှိကြောင်းဦးအောင်ကျော်သန်းက ပြောကြားပါသည်။

ကမ္ဘာ့ရတနာဘဏ် တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ အချို ့ဘဏ်များက ကိုယ့်နည်း ကိုယ့်ဟန်ဖြင် ့ငွေစက္ကူအတုများကို ဖျက်ဆီးနေခြင်းများရှိသဖြင့်

ဗဟိုဘဏ်က ယင်းကဲ့သို ့အရေးယူခြင်းကို ဆောင်ရွက်ခြင်းဖြစ်ကြောင်းသိရသည်။

ဆက်လက်ပြီး ဘဏ်က ပိုက်ဆံအတုတွေ ့ပြီဆိုလျှင် CID (မှုခင်းရဲတပ်ဖွဲ ့) ကို အပ်ရတာဖြစ်ကြောင်း ပိုက်ဆံကို အပေါက်ငါးပေါက်ဖောက်ပြီး လုပ်ပစ်နေတာကို အရေးယူမယ်ဆိုတာ ကောင်းကြောင်း သို ့မှသာ နောက်ကြောင်းကို လိုက်လို ့ရမှာ ဖြစ်ကြောင်း ၎င်းက ပြောပြသွားပါသည်။

ကျပ်ငါးထောင်တန် ကျပ်တစ်သောင်းတန်ငွေစက္ကူများကို အတုအပလိုက်ထုတ်၍ မရစေရန် လုံခြုံရေးအပိုင်းအဆင့်မြှင့်ထားသော ငွေစက္ကူများကို ဘဏ်များမှ တစ်ဆင့် ဖြည်းဖြည်းချင်း ထုတ်ပေးသွားမည်ဖြစ်ကြောင်းကိုလည်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်ထံမှ သိရှိရပါသည်။

Source: The Voice 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။