Senji Nakajima လို့ခေါ်တဲ့ အသက် ၆၁နှစ်အရွယ်ရှိအမျိုးသားဟာ လိင်ဖျော်ဖြေရေးအရုပ်တစ်ခုကို ချစ်ကျွမ်းဝင်ခဲ့ပြီး မိသားစုကို စွန့်ခွာကာ ထိုအရုပ်မနဲ့ပဲ သူ့ရဲ့ကျန်တဲ့အချိန်တွေကို ဖြတ်သန်းပါတော့တယ်။ 

Senjiမှာ ကလေးနှစ်ယောက်ရှိခဲ့ပြီး ဒီအရုပ်မအတွက်နဲ့ပဲ သူ့ရဲ့မိသားစုကို စွန့်လွှတ်ခဲ့ပါတယ်။ အရုပ်မကို Saoriလို့နာမည်ပေးပြီး လွန်ခဲ့တဲ့ ခြောက်နှစ်က တွေ့ရှိခဲ့တာလို့သိရပါတယ်။

သူဟာ အရုပ်မကို ကိုယ်တိုင်ရေချိုးပေး၊ ဘီးဖြီးပေးခြင်းနဲ့ အပြင်လျှောက်သွားလည်ခြင်းတို့ကို ပြုလုပ်ပေးပါတယ်။ အိပ်လဲ အရုပ်မနဲ့တူတူပါ။

လိင်ဖျော်ဖြေရေးအရုပ်တွေဟာ လူနဲ့တစ်ထေရာတည်းတူအောင်ပြုလုပ်ထားပြီး အထိအတွေ့ကအစ လူနဲ့တူအောင် ပြုလုပ်ပေးထားတာပဲဖြစ်ပါတယ်။ စျေးနှုန်းအနေနဲ့ ဒေါ်လာထောင်ချီ တန်ဖိုးရှိတယ်လို့ ဆိုပါတယ်။

Source : viral4real

Translated by Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။