စန္ဒီမြင့်လွင်ဟာ သာယာပျော်ရွှင်စရာကောင်းတဲ့မိသားစုဘဝလေးကို တည်ထောင်ထားတဲ့အပြင် သီချင်းအသစ်များကိုလည်း ဆက်တိုက်သီဆိုနေသူတစ်ယောက်ဖြစ်ပါတယ်။ အမြဲခပ်မိုက်မိုက်ပုံစံတွေနဲ့ ပရိတ်သတ်တွေကို အကောင်းဆုံးဖျော်ဖြေလေ့ရှိတဲ့ စန္ဒီမြင့်လွင်ဟာဒိတ်ဒိတ်ကြဲအမျိုးသမီးrapperတစ်ဦးဆိုလည်း မှားမယ်မထင်ပါဘူးနော်။ ဒါ့ပြင် စန္ဒီမြင့်လွင်တို့ညီအစ်မတွေဟာလည်း သက်ဆိုင်ရာနယ်ပယ်အသီးသီးမှာ အောင်မြင်မှုအပြည့်အဝရရှိထားကြတဲ့သူတွေဖြစ်ပါတယ်။


Photo Credit-Sandy Myint Lwin's Facebook page
Photo Credit-Sandy Myint Lwin's Facebook page

စန္ဒီမြင့်လွင်တို့ညီအစ်မတွေဟာ မင်းသမီးပိုးထည်တိုက်ကိုလည်း အတူတူဖွင့်ထားကြတာဖြစ်ပါတယ်။ မကြာသေးမီက စန္ဒီမြင့်လွင်ဟာ သူမရဲ့facebookစာမျက်နှာတွင် "မင်းသမီးပိုးထည်တိုက်မှာ သစ်တံခါးဆရာတော်ဆွမ်းကပ်လှူဒါန်း"ဆိုတဲ့ captionလေးနဲ့ သူမတို့အလှူပုံရိပ်လေးတွေကိုတင်ပေးလာပါတယ်။ စိုးညီအစ်မတွေနဲ့ စန္ဒီမြင့်လွင်တို့မိသားစုလေးဟာမိသားစု စုံလင်စွာနဲ့ ဆွမ်းကပ်အလှူလေးပြုလုပ်နေကြတာဖြစ်ပါတယ်။

Photo Credit-Sandy Myint Lwin's Facebook page
Photo Credit-Sandy Myint Lwin's Facebook page

စန္ဒီမြင့်လွင်ဟာ အသည်းနာဆိုတဲ့ music videoတစ်ခုထွက်ရှိထားတာဖြစ်ပြီး ပရိတ်သတ်အားပေးမှုအပြည့်အဝရရှိထားတာပါ။ ဒါ့ပြင်သူမဟာ နောက်ထပ်သီချင်းအသစ်တွေလည်း ဖန်တီးနေတာဖြစ်ပါတယ်။ ပရိတ်သတ်ကြီးရော စန္ဒီမြင့်လွင်ကိုချစ်ခင်အားပေးကြမယ်မလား။ အလှူဒါနပြုလုပ်နေတဲ့ စန္ဒီမြင့်လွင်တို့ရဲ့ပုံရိပ်တွေကို ပရိတ်သတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-Sandy Myint Lwin's Facebook page
Photo Credit-Sandy Myint Lwin's Facebook page

Source-Sandy Myint Lwin's Facebook page

Photo Credit-Sandy Myint Lwin's Facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။