ပရိသတ်တွေအားကျချစ်ခင်ရတဲ့ Idol စုံတွဲ ဂီတအနုပညာရှင်များစွာထဲမှာမှ အဆိုတော်အောင်လနဲ့ ဝိုင်းစုခိုင်သိန်းတို့ စုံတွဲလေးကတော့ ပရိသတ်တွေရဲ့အချစ်တွေကို အခိုင်အမာသိမ်းပိုက်ထားကြပြီး တစ်ယောက်ကိုတစ်ယောက်အရမ်းချစ်ကြတဲ့ ချစ်သူစုံတွဲလေးပဲ ဖြစ်ပါတယ်နော်..။

အနုပညာနယ်ပယ်မှာ ပရိသတ်တွေကိုယ်စီအသီးသီးရရှိထားကြသလို နှစ်ကိုယ်တူဘဝခရီးလေးကို ကြည်နူးပျော်ရွှင်စွာ လျှောက်လှမ်းနေကြတဲ့ သူတို့စုံတွဲလေးကတော့ တစ်ယောက်ကိုတစ်ယောက် အရမ်းသဝန်တိုကြတဲ့ အကြောင်းလေးတွေကို ရယ်ရယ်မောမောလေးနဲ့ ပရိသတ်တွေကို ပြောပြလာပါတယ်နော်..။


Photo Credit - Wyne Su Khaing Thein's FB Account
Photo Credit - Wyne Su Khaing Thein's FB Account

ဘယ်လိုအရာလေးပဲဖြစ်ဖြစ် အောင်လက ဝိုင်းစုအပေါ်အရမ်းချစ်ပြီး အရမ်းသဝန်တိုတတ်တဲ့အကြောင်းလေးနဲ့ ဝိုင်းစုကလည်း အောင်လကို သဝန်တိုလို့ ရုပ်ရှင်မရိုက်ခိုင်းတဲ့ အမှတ်တရလေးတွေကို ပြောပြထားတာပါ..။

အန်ကယ်လေးက ကျွန်တော့ကို ရုပ်ရှင်ရိုက်ဖို့ လာခေါ်တယ် သူမရိုက်ခိုင်းဘူးဆိုကာ ဝိုင်းစုသဝန်တိုတဲ့အကြောင်းလေးကို အောင်လက ပြောပြထားပြီး “ပြော” သီချင်းစရိုက်တုန်းက ရင်ခုန်ခဲ့တဲ့ ကြည်နူးစရာအမှတ်တရလေးတွေကိုလည်း နှစ်ယောက်သား ပြောပြထားကြတာ ဖြစ်ပါတယ်..။


Photo Credit - Wyne Su Khaing Thein's FB Account
Photo Credit - Wyne Su Khaing Thein's FB Account

ဝိုင်းစုကို အကောင်းဆုံးအဆိုတော်လေးပဲ ဖြစ်စေချင်ပြီး သူ့ဇာတ်ကားတွေကို ကြည့်တော့ကြည့်ဖူးပေမယ့် ကြည့်လိုက်ရင် သဝန်တိုတိုသွားလို့ မကြည့်တော့ဘူးဆိုပြီးတော့လည်း ချစ်သူလေးကို အရမ်းချစ်တဲ့အကြောင်း အောင်လက ပြောပြထားပါသေးတယ်..။

(၂၀၁၀)လောက်ကတည်းက တွေ့ခဲ့ကြတာမို့ စတွေ့ခဲ့တဲ့ (၉)နှစ် (၁၀)နှစ်ရှိပြီ ဖြစ်သလို တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်ကြပြီး သဝန်တိုတဲ့ အမှတ်တရလေးတွေအကြောင်း ရယ်မောပျော်ရွှင်စွာ အတူပြောပြရင်း ခွီနေကြတဲ့ အောင်လနဲ့ ဝိုင်းစုတို့ရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - Wyne Su Khaing Thein's FB Account
Photo Credit - Wyne Su Khaing Thein's FB Account

Photo Credit - Wyne Su Khaing Thein's FB Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။