ပရိသတ်ကြီးရေ အေးချမ်းလှပတဲ့ မျက်နှာလေးနဲ့ ချိုသာယဉ်ကျေးစွာပြောဆိုတက်မှုတို့ကြောင့် လူချစ်လူခင်ပေါများပြီး အနုပညာလောကမှာ အောင်မြင်မှုများစွာနဲ့ ရပ်တည်နေသူလေးကတော့ မင်းသမီးချောလေး ဆောင်းယွန်းစံပဲဖြစ်ပါတယ်။ သူမက အနုပညာအလုပ်တွေကို အချိန်အတော်ကြာလုပ်ဆောင်ခဲ့ပြီး ပရိသတ်အားပေးမှုကိုရရှိထားသူပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်မှာလည်း သူမက ရွှေကြိုမယ်အဖြစ် ပါဝင်ခဲ့တာကြောင့်လည်း အောင်မြင်မှုတွေ ပိုမိုရရှိလာခဲ့သူလည်းဖြစ်ပါတယ်။

Photo Credit -Soung Yoon San's FB account

ဆောင်းယွန်းစံက မြန်မာဝတ်စုံလေးတွေ ဝတ်ရင်လည်း ယဉ်ယဉ်လေးနဲ့ လှသလို ခေတ်ဆန်ဆန်တွေဝတ်ဆင်ပြန်ရင်လည်း လိုက်ဖက်နေတာကြောင့် ယောကျ်ားလေးပရိသတ်တွေသာမကပဲ မိန်းကလေးပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားသူပဲဖြစ်ပါတယ်။ သူမက မကြာသေးမီက ဖေ့ဘွတ်စာမျက်နှာပေါ်မှာ "Location လေးမလှပေမယ့် မေမေရိုက်ပေးထားတဲ့ ပုံလေးတွေမို့ အမှတ်တရ တင်လိုက်တယ်နော်" ဆိုတဲ့ စာသားလေးနဲ့အတူ ပန်းရောင်ဝတ်စုံလေးကို ဝတ်ဆင်ကာ သူမ အမေက ရိုက်ပေးထားတဲ့ ပုံလေးတွေကို မျှဝေလာတာပဲဖြစ်ပါတယ်။

Photo Credit -Soung Yoon San's FB account
Photo Credit -Soung Yoon San's FB account

ဒါ့အပြင် "မေမေကမေးတယ်... သူရိုက်ပေးတာ လှရဲ့လားတဲ့..?.?. ဖြေပေးဦး.."ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားပါသေးတယ်။ သူတို့ သားအမိလေးက တကယ်ကြည်နှုးဖို့ကောင်းပြီး ပျော်ရွှင်စရာတွေပြည့်နေတာမို့ ပရိသတ်တွေက အားကျအချစ်ပိုနေကြမှာ အမှန်ပါပဲနော်။ ချစ်စရာကောင်းပြီး လှပနေတဲ့ မင်းသမီးချောလေး ဆောင်းယွန်းစံရဲ့ ပုံရိပ်လေးတွေကို ချစ်ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်...။

Photo Credit -Soung Yoon San's FB account
Photo Credit -Soung Yoon San's FB account

Source & Photo Credit -Soung Yoon San's FB account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။