အသက်ငယ်ငယ်လေးနဲ့ ပရိသတ်တွေရဲ့ အချစ် တွေကို ရရှိထားသူကတော့ သရုပ်ဆောင် မင်းသမီးချောလေး ယွန်းဝတီလွင်မိုးရဲ့ သားလေး Liam ပဲ ဖြစ်ပါတယ်။ သားလေးရဲ့ လှုပ်ရှားမှုပုံစံလေးကို ပရိသတ်တွေ တစ်နေ့မမြင်ရရင် မနေနိုင်အောင်ကို အသည်းတွေယားနေကြတာပါ။ လီလီလုံးလေးဟာ အခုကတည်းက မိခင်ဖြစ်သူနဲ့အတူ ကြော်ငြာလေးတွေ ရိုက်ကူးနေရပြီပဲ ဖြစ်ပါတယ်။ 

Photo Credit- Yunwaddy’s Instagram
Photo Credit- Yunwaddy’s Instagram
Photo Credit- Yunwaddy’s Instagram

သားလေးဟာ မကြာခင်ကလည်း မိသားစုနဲ့အတူ ငွေဆောင်ကမ်းခြေကို အပန်းဖြေခရီးသွားရောက်ခဲ့တာလည်း ဖြစ်ပါတယ်။ လီလီလုံးလေးရဲ့ ဖိုးဖိုးကို ဘောလုံးကောက်ခိုင်းတဲ့ ဗီဒီယိုလေးဟာလည်း ပရိသတ်တွေကြားမှာ အရမ်းကို နာမည်ကြီးခဲ့ပြီး အားလုံးက ချစ်မဝဖြစ်နေကြတာလည်း ဖြစ်ပါတယ်။ အခုမှာလည်း ဖွားဖွားမေသူရဲ့ Instagram လူမှုကွန်ယက်စာမျက်နှာမှာ ဗီဒီယိုလေးတစ်ခု တသ်ထားတာပဲ ဖြစ်ပါတယ်။  

Photo Credit- Yunwaddy’s Instagram
Photo Credit- Yunwaddy’s Instagram
Photo Credit- May Thu’s Facebook Account

ဒါကတော့ ဖေဖေ၊မေမေတို့နဲ့အတူ ရေကူးကန်ဘေးမှာထိုင်ကာပျော်ပျော်ရွှင်ရွှင်ကြော်ငြာရိုက်ကူးနေတဲ့ Liam ရဲ့ချစ်စရာ Video လေးပဲ ဖြစ်ပါတယ်။ သားလေးဟာ ဖေဖေ၊မေမေတို့နဲ့အတူ ကြော်ငြာရိုက်ကူးရတဲ့အတွက် ပျော်ရွှင်နေတာလည်း ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် Liam ရဲ့ Video လေးကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source and Photo Credit- May Thu’s Facebook Account and Yunwaddy’s Instagram 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။