အကယ်ဒမီမင်းသမီးချောလေး အေးမြတ်သူဟာဆိုရင် အနုပညာအလုပ်တွေကိုလည်းဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေရင်း ချစ်ရတဲ့သူတွေနဲ့လည်းပျော်ပျော်ရွှင်ရွှင်နေထိုင်နေတာဖြစ်ပါတယ်။အေးမြတ်သူက မကြာခဏဆိုသလို ခရီးတွေသွားပြီး အခုဆိုရင်လည်း ချစ်ရတဲ့သူတွေနဲ့ မန်းရွှေစက်တော်ကို ဘုရားဖူးရောက်ရှိနေတာဖြစ်ပါတယ်။အေးမြတ်သူကတော့ မန်းချောင်းထဲမှာလည်းရေတွေပျော်ပျော်ပါးပါးကစားပြီး နှစ်ပေါင်း၃၀ကြာမှ ပြန်လည်ရောက်ရှိခဲ့ကြောင်းလေးကို အောက်ပါအတိုင်းရေးသားမျှဝေထားပါတယ်နော်။

Photo Credit:Aye Myat Thu's Facebook Page
Photo Credit:Aye Myat Thu's Facebook Page
Photo Credit:Aye Myat Thu's Facebook Page

အေးမြတ်သူကတော့"ပထဆုံး မန်းရွှေစက်တော် ကို ရောက်ဖူးတာ အသက်၄နှစ်အရွယ်..... အိအိအောင် ဒုတိယအကြိမ် ...မန်းရွှေစက်တော်. ကို ထပ်ရောက်တော့အသက် ၃၄နှစ် အရွယ် .... အေးမြတ်သူ နှစ်ပေါင်း ၃၀ ကြာမှထပ်ရောက်ဖြစ်ခဲ့တယ် ဒီလို မန်းချောင်းရေတွေ ... ဒီလိုချောင်းပေါ်ကတဲအိမ်လေးရယ် .... ဘောကွင်းကြီးတကွင်း ကို မျက်နှာခြင်းဆိုင်စီးကြတာတွေ ... အညာလက်ရာအိမ်ချက်လေးတွေစားရတာတွေက.... အချိန်တိုင်းမရနိုင်ဘူးရှင့်...တစ်နှစ်မှာ ၃လ ဆိုတဲ့အချိန်လေးသာရတဲ့ ..မင်းဘူး"

Photo Credit:Aye Myat Thu's Facebook Page
Photo Credit:Aye Myat Thu's Facebook Page
Photo Credit:Aye Myat Thu's Facebook Page

"မန်းရွှေစက်တော်ဘုရားပွဲတော် အချိန်လေးပါ..စိတ်အေးချမ်းသာစွာနဲ့ သက်တောင့်သက်သာ နေထိုင်စားသောက်ခွင့်ရခဲ့တဲ့ ... ဧည့်ဝတ်ကျေလွန်းလှတဲ့ နေဝန်းနီနှင့်ညီအကိုများ ..... နမ္မဒါ (၂) ကိုလည်းကျေးဇူးတင်ပါတယ်ရှင့် ...နောက်နှစ်တွေလည်း. နမ္မဒါ(၂). မှာ တည်းခိုရင်း မန်းရွှေစက်တော်ကြီးကို ..ဖူးမျှော်ရင်း မိသားစုသူငယ်ချင်းများနှင့်ရေဆော့ပါ့ရစေရှင် မမြတ်လေး ပျော်ရွှင်နေတဲ့ပုံလေးတွေကြည့်ရင်း ...ချစ်ရသူတွေအားလုံး အချိန်တိုင်းစိတ်ချမ်းသာပျော်ရွှင်ကြပါစေရှင်"ဆိုပြီးရေးသားထားကာ ငယ်ဘဝအမှတ်တရပုံရိပ်လေးကိုထုတ်ပြခဲ့ပါတယ်နော်။

Photo Credit:Aye Myat Thu's Facebook Page
Photo Credit:Aye Myat Thu's Facebook Page
Photo Credit:Aye Myat Thu's Facebook Page

Photo Credit:Aye Myat Thu's Facebook Page

Source:Aye Myat Thu's Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။