AFC Cup 2020 ဘောလုံးပြိုင်ပွဲ (Group F) အုပ်စုပွဲစဉ်တစ်ပွဲအဖြစ် ဖေဖော်ဝါရီ ၂၅ ရက်နေ့ညနေ သုံးနာရီခွဲက သုဝဏ္ဏကွင်းတွင် ရန်ကုန်ယူနိုက်တက်အသင်းနှင့် လာအိုကလပ် လာအိုတိုယိုတာအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ရန်ကုန်အသင်း မှ ၃-၂ ဂိုးဖြင့် အနိုင်ရခဲ့ပါတယ်။ရန်ကုန်ယူနိုက်တက်အသင်းအတွက် ပထမဦးဆောင်ဂိုးကို ပွဲချိန် ၁၈ မိနစ်တွင် အောင်ကျော်နိုင်မှ သွင်းယူပေးခဲ့ပြီး ဒုတိယ ဦးဆောင်ဂိုးကို ပွဲချိန် ၃၀ မိနစ်တွင် မောင်မောင်လွင်မှ သွင်းယူပေးခဲ့ပါတယ်။ ပထမပိုင်းအပြီးတွင် ရန်ကုန်ယူနိုက်တက် အသင်းမှ နှစ်ဂိုး ဂိုးမရှိဖြင့် ဦးဆောင်ခဲ့ပါတယ်။

Photo Credit - Myanmar National League Facebook Page
Photo Credit - Myanmar National League Facebook Page

ဒုတိယပိုင်းတွင် လာအိုတိုယိုတာအသင်းမှ ကစားပုံပိုမိုကောင်းမွန်ခဲ့ပြီး ပွဲချိန် ၅၈ မိနစ်တွင် ပထမချေပဂိုးရရှိခဲ့ပြီး နိုရီဟီရိုက သွင်းယူပေးခဲ့ပါတယ်။ ပွဲချိန် ၈၄ မိနစ်တွင် ရန်ကုန်ယူနိုက်တက်အသင်းမှ တတိယဂိုး ထပ်မံရခဲ့ပြီး ပထမဂိုးသွင်းယူပေးခဲ့သည့် အောင်ကျော်နိုင်မှ ထပ်မံသွင်းယူပေးခဲ့ခြင်းဖြစ်ပါတယ်။ ပွဲချိန် ၉၀+၁ မိနစ်တွင် လာအိုတိုယိုတာအသင်းမှ ပင်နယ်တီရခဲ့ပြီး လာဇီရိုမှ အမှားအယွင်းမရှိကန်သွင်းပေးခဲ့ပါတယ်။လက်ကျန်မိနစ်များတွင် တိုယိုတာအသင်းမှ ထပ်မံ ဂိုးမသွင်းနိုင်ခဲ့သည့် အတွက် ရန်ကုန်အသင်းမှ သုံးဂိုး နှစ်ဂိုးဖြင့် အနိုင်ရခဲ့ပါတယ်။

Photo Credit - Myanmar National League Facebook Page
Photo Credit - Myanmar National League Facebook Page

ရန်ကုန်ယူနိုက်တက်အသင်းသည် အုပ်စု နှစ်ပွဲ ကစားပြီးချိန်တွင် တစ်ပွဲနိုင်၊ တစ်ပွဲ သရေ ရမှတ် လေးမှတ်ရရှိထားပြီး အုပ်စုတတိယပွဲစဉ်အဖြစ် လာမည့် မတ်လ ၁၀ ရက်၊ သုဝဏ္ဏကွင်းတွင် စင်ကာပူကလပ် ဟောင်ဂန်းယူနိုက်တက် အသင်းနှင့် ဆက်လက်ကစားရမည်ဖြစ်ပါတယ်။ ကဲ....ချစ်ပရိသတ်ကြီးရေ မနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ 2020 AFC Cup ပွဲစဉ်တစ်ပွဲဖြစ်တဲ့ လာအိုကလပ် တိုယိုတာအသင်း နှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့ရဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ပွဲပြီးရလဒ်တွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Source & Photo Credit - Myanmar National League Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။