အနုပညာလောကမှာ ဆယ်စုနှစ်တစ်ခုတိုင်အောင် အောင်မြင်မှုများစွာနဲ့ ရပ်တည်နေပြီး အခုချိန်ထိတိုင်အောင် ပရိသတ်အချစ်တွေကို အရယူနေတဲ့သူလေးကတော့ မင်းသမီးချောလေး စမိုင်းလ် ပဲဖြစ်ပါတယ်။ သူမက အခုလက်ရှိမှာ သာယာပျော်ရွှင်စရာတွေပြည့်နက်နေတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်နေပြီး အလိုလိုက်တဲ့ ခင်ပွန်းကြောင့် အမြဲစိတ်ချမ်းသာနေရတဲ့သူပဲဖြစ်ပါတယ်။ သူမရဲ့ သမီးလေးနှစ်ယောက်ကလည်း သူမလိုပဲ အနုပညာလမ်းကြောင်းပေါ်ကို စတင်လျောက်လှမ်းနေပြီပဲဖြစ်ပါတယ်။

Photo credit - စမိုင်းလ် Smile's FB
Photo credit - စမိုင်းလ် Smile's FB

စမိုင်းလ်တို့ မိသားစုလေးဟာ စိတ်ထားစေတနာကောင်းအမြဲထားပြီး အလှူအတန်းတွေကိုလည်း မကြာခဏဆိုသလို ပြုလုပ်နေတာလည်းဖြစ်ပါတယ်။ ဒါ့အပြင် အားလပ်တဲ့နေ့ရက်တွေမှာလည်း မိသားစုတွေ ပျော်ပျော်ရွှင်ရွှင်နဲ့ ခရီးထွက်တက်ပြီး ပျော်စရာတွေကိုလည်း အမြဲလိုလိုဖန်တီးနေတာပဲဖြစ်ပါတယ်။ အခုလက်ရှိမှာလည်း စမိုင်းလ်တို့ မိသားစုလေးက ငပလီကမ်းခြေကို အပန်းဖြေခရီးထွက်နေတာပဲဖြစ်ပါတယ်။

Photo credit - စမိုင်းလ် Smile's FB
Photo credit - စမိုင်းလ် Smile's FB
Photo credit - စမိုင်းလ် Smile's FB

သရုပ်ဆောင်မင်းသမီးချောလေး စမိုင်းလ်က ငပလီကမ်းခြေမှာ အလန်းစားပိုစ့်လေးတွေနဲ့ ဓါတ်ဖမ်းထားတဲ့ ပုံရိပ်တွေကို သူမရဲ့ ဖေ့ဘွတ်စာမျက်နှာကနေ တင်ပေးလာတာပဲဖြစ်ပါတယ်။ ပရိသတ်အချစ်တော်ဖြစ်တဲ့ စမိုင်းလ်ရဲ့ ပုံရိပ်လေးတွေကို ချစ်ပရိသတ်ကြီး ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။ သူမရဲ့ ဆက်လက်လှုပ်ရှားမယ့် အနုပညာအလုပ်တွေကိုလည်း ပရိသတ်ကြီးက အားပေးလိုက်ကြပါအုန်းနော်...။

Photo credit - စမိုင်းလ် Smile's FB
Photo credit - စမိုင်းလ် Smile's FB
Photo credit - စမိုင်းလ် Smile's FB

Photo credit - စမိုင်းလ် Smile's 

Source  - စမိုင်းလ် Smile's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။