အကယ်ဒမီမင်းသမီးချောလေး ပိုင်ဖြိုးသုကတော့ လက်ရှိမှာဆိုရင် အနုပညာလောကမှာ ထိပ်တန်းမင်းသမီးတစ်လက်အဖြစ်ရပ်တည်နေပြီး အနုပညာအလုပ်တွေကို တစိုက်မက်မက်လုပ်ဆောင်နေတာဖြစ်ပါတယ်။ပိုင်ဖြိုးသုရဲ့ချစ်ခင်ပွန်းကလည်း ဒါရိုက်တာတစ်ယောက်ဖြစ်တာကြောင့် ဇနီးမောင်နှံနှစ်ယောက်ကတော့ အနုပညာနဲ့ပက်သက်ရင် စိတ်တူကိုယ်တူရှိပြီး တိုင်တိုင်ပင်ပင်နဲ့ အရည်အသွေးပြည့်ဝတဲ့အနုပညာတွေကိုဖန်တီးနေကြတာပဲဖြစ်ပါတယ်နော်။

Photo Credit: Ria Bo Vich
Photo Credit: Ria Bo Vich
Photo Credit: Ria Bo Vich

ပိုင်ဖြိုးသုကလည်း သရုပ်ဆောင်အိုင်တင်ပိုင်းမှာ အရမ်းတော်ပြီး ပရိသတ်တွေကချီးကျူးရတဲ့ အနုပညာရှင်ကောင်းတစ်ယောက်ပါနော်။သုသုရဲ့ နောက်ထပ်အနုပညာလှုပ်ရှားမှုတွေကိုလည်း ပရိသတ်တွေက ရင်ခုန်စွာနဲ့စောင့်မျှော်နေကြသလို လက်ရှိမှာ ရုံတင်တော့မယ့်"လေဒီဒိန်းဂျား"ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကိုလည်း ပရိသတ်တွေကတစ်ခဲနက်အားပေးဝန်းရံနေကြတာဖြစ်ပါတယ်။သုသုရဲ့ အောင်မြင်မှုတွေကတော့ တစ်နေ့ထက်တစ်နေ့ပိုပိုတိုးလာပြီး ပရိသတ်အများအပြားကိုလည်း ပိုင်ဆိုင်ထားတာဖြစ်ပါတယ်နော်။

Photo Credit: Ria Bo Vich
Photo Credit: Ria Bo Vich

အခုဆိုရင်တော့ သုသုက "လေဒီဒိန်းဂျား"ရုပ်ရှင်ဇာတ်ကားကြီးရဲ့ red carpet premiere show ပွဲကို တက်ရောက်ခဲ့တဲ့ ပုံရိပ်လေးတွေကို မျှဝေလာတာဖြစ်ပါတယ်။သုသုကတော့ သူမတူတဲ့ အလှတရားတွေနဲ့ လူအများကြားမှာထင်ပေါ်နေပြီး ဆွဲဆောင်မှုရှိနေတာဖြစ်ပါတယ်။သုသုရဲ့ချစ်မွှေးပါတဲ့ မျက်နှာချိုချိုလေးက မြင်သူတိုင်းကိုအေးချမ်းစေပြီး ချစ်စိတ်တွေတဖွားဖွားဖြစ်ပေါ်စေတာကြောင့် သူမရဲ့ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit: Ria Bo Vich
Photo Credit: Ria Bo Vich
Photo Credit: Ria Bo Vich

Photo Credit: Ria Bo Vich

Source:Paing Phyo Thu's Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။