ယွန်းဝတီလွင်မိုးရဲ့သား Liam လေးကတော့ ပရိသတ်တွေရဲ့ချစ်ခြင်းမေတ္တာတွေကို လက်ခံရရှိနေတဲ့ ကလေးလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။ မွေးကင်းစအရွယ်လေးကတည်းက ဆံပင်ထောင်ထောင်လေးတွေနဲ့ ချစ်စရာကောင်းလွန်းလို့ ပရိသတ်တွေအချစ်ပိုခဲ့ရတဲ့ Liam လေးက အခုဆိုရင် အသက်တစ်နှစ်ကျော်အရွယ်ရှိနေပြီ ဖြစ်ပါတယ်။ Liam လေးကတော့ တဖြည်းဖြည်းကြီးပြင်းလာတာနဲ့အမျှ ဘိုးဘိုးဖြစ်သူလွင်မိုးနဲ့ ပိုပိုပြီးတူလာတာ ဖြစ်ပါတယ်။

Photo Credit-Yun Waddy Lwin Moe's FB Page
Photo Credit-Yun Waddy Lwin Moe's FB Page
Photo Credit-May Thu's IG Acc

ဖေဖေနဲ့မေမေချောချောလေးတို့က မွေးဖွားထားတဲ့ Liam လေးက ရုပ်ရည်လေးကအစ တကယ့်ကိုသန့်ပြန့်ချောမောလွန်းတဲ့ ကိုလူချောလေးပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ပရိသတ်တွေနဲ့ မိသားစုဝင်တွေအားလုံးသာမက အနုပညာရှင်တွေကပါ Liam လေးကိုချစ်ခင်နေရတာ ဖြစ်ပါတယ်။ အခုလည်း Liam လေးတစ်ယောက် မျက်လုံးအဝိုင်းသားလေးနဲ့လိုက်ကြည့်နေတဲ့ဗီဒီယိုလေးကို ဘွားဘွားမေသူက တင်ပေးထားပါတယ်။

Photo Credit-May Thu's IG Acc
Photo Credit-May Thu's IG Acc
Photo Credit-May Thu's IG Acc

ချစ်စရာကောင်းတဲ့ Liam လေးရဲ့အမူအရာလေးတွေကို ဘွားဘွားမေသူက ဗီဒီယိုလေးရိုက်ပြီး " ဘာတွေများစဉ်းစားနေလဲသဲရယ် #liamlwinhtet" ဆိုပြီး တင်ထားတာ ဖြစ်ပါတယ်။ ဝိုင်းစက်စက်မျက်လုံးလေးတွေနဲ့ လိုက်ငေးနေတဲ့ Liam လေးကတော့ အပြစ်ကင်းစင်ပြီးအသည်းယားစရာကောင်းနေတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် Liam လေးရဲ့ချစ်စရာဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Video Credit-May Thu's IG Acc

Photo Credit-May Thu's IG Acc
Photo Credit-May Thu's IG Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။