ပုရိသတွေရဲ့ ဝန်းရံအားပေးမှုတွေကို တစ်ခဲနက် ရရှိထားသူကတော့ သရုပ်ဆောင် မင်းသမီးချောလေး သင်ဇာဝင့်ကျော်ပဲ ဖြစ်ပါတယ်။ သူမရဲ့ ကောက်ကြောင်းအလှတွေဟာ မိန်းကလေးချင်းတောင် အားကျနေရတာလည်း ဖြစ်ပါတယ်။ သင်ဇာဟာ ခေတ်နဲ့အညီ ဝတ်စားဆင်ယင်တတ်တာကြောင့် သူမရဲ့ဖက်ရှင်များဟာလည်း အားလုံးကငေးမောရလောက်ကို မိုက်လွန်းနေတာလည်း ဖြစ်ပါတယ်။ 

Photo Credit - Thinzar Wint Kyaw's Facebook Myday
Photo Credit - Thinzar Wint Kyaw's Facebook Myday
Photo Credit - Thinzar Wint Kyaw's Facebook Myday

သင်ဇာဟာ လတ်တလောမှာတော့ ကြော်ငြာလေးတွေနဲ့ ပွဲအခမ်းအနားလေးတွေ တက်ရောက်ပေးနေရတာလည်း ဖြစ်ပါတယ်။ သူမပါဝင်သရုပ်ဆောင်ထားတဲ့ မြမြရုပ်ရှင်ဇာတ်ကားကြီးဟာလည်း ပရိသတ်တွေရဲ့ တစ်ခဲနက် အားပေးဝန်းရံခြင်းကို ရရှိထားတာလည်း ဖြစ်ပါတယ်။ အခုမှာလည်း သင်ဇာတစ်ယောက် ငွေဆောင်ကမ်းခြေကို အပန်းဖြေရန်နဲ့ ကြော်ငြာရိုက်ကူးရန် ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ 

Photo Credit - Thinzar Wint Kyaw's Facebook Myday
Photo Credit - Thinzar Wint Kyaw's Facebook Myday
Photo Credit - Thinzar Wint Kyaw's Facebook Myday

အခုမှာလည်း သူမရဲ့ Facebook Myday မှာဗီဒီယိုလေးတွေ တင်ထားတာပဲဖြစ်ပါတယ်။ ဒါကတော့ ပါးလွှာတဲ့ဇာပုဝါထဲမှတစ်ဆင့် ပုရိသတွေရင်ဖိုလှိုက်မောသွားစေမယ့် အမိုက်စားကောက်ကြောင်းအလှတွေကို မြင်နေရမယ့် သင်ဇာရဲ့ ဗီဒီယိုလေးပဲ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် သင်ဇာရဲ့ ဒီဗီဒီယိုလေးကို တင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Credit - Thinzar Wint Kyaw's Facebook Myday 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။