ပရိသတ်ကြီးရေ.. MRTV-4 ဇာတ်ကားတွေများစွာ ရိုက်ကူးထားပြီး သရုပ်ဆောင်ပီပြင်မှုတွေနဲ့အတူ “ကျွန်မကဟေသီ” ဇာတ်ကားမှာ “စံမြန်း” ဆိုတဲ့ ဇာတ်ကောင်နာမည်လေးနဲ့ အားလုံးရဲ့အချစ်တွေကို သိမ်းပိုက်ထားပြီး ပရိသတ်တွေရဲ့ရင်ထဲအခိုင်အမာနေရာယူခဲ့တဲ့ မင်းသမီးချောလေး ဝင့်ယမုံနိုင်ကိုတော့ ယောကျ်ားလေးပရိသတ်တွေအပြင် မိန်းကလေးပရိသတ်တွေကပါ အားပေးချစ်ခင်နေကြတာပါ..။

ချစ်စရာကောင်းပြီး အေးချမ်းတဲ့အလှတရားတွေကိုလည်း ပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေး သူမရဲ့ ဟန်ပန်နဲ့သရုပ်ဆောင်မှုတွေကလည်း ဝါရင့်အနုပညာရှင် ဒိတ်ဒိတ်ကြဲမင်းသမီးကြီးဖြစ်တဲ့ မို့မို့မြင့်အောင်နဲ့တူလွန်းလို့ ပရိသတ်တွေအားလုံးကလည်း မေမွှေးရဲ့ ကိုယ်ပွားလေးလို့တောင် တင်စားခေါ်ကာ အချစ်ပိုနေကြသူလေးပဲ ဖြစ်ပါတယ်နော်..။


Photo Credit - Wint Yamone Naing's FB Page
Photo Credit - Wint Yamone Naing's FB Page

ပရိသတ်အသည်းကျော်လေး ဝင့်ယမုံနိုင်ကလည်း သူမရဲ့Idol တစ်ယောက်ဖြစ်တဲ့ မေမွှေးနဲ့ တူတယ်လို့ ကြားရတဲ့အတွက်လည်းဝမ်းသာမိပြီး မေမွှေးက တွေ့တဲ့မြင်တဲ့ ဆုံကြတဲ့အချိန်တိုင်းမှာ အိုင်တင်တွေအပြင် အစစအရာရာ အမြဲသင်ပေးလို့ သူမရဲ့ မြင်ဆရာကြားဆရာပါပဲဆိုပြီး ပြောပြလာပါတယ်..။

လတ်တလောရိုက်ကူးနေတဲ့ “ချစ်လှစွာသော” ဇာတ်လမ်းတွဲမှာ သားအမိတွေအဖြစ် သရုပ်ဆောင်ရမှာမို့ အရမ်းပျော်ပြီး အကောင်းဆုံးကြိုးစားမှာဖြစ်သလို နှစ်ယောက်အတူဆုံတဲ့ ပထမဆုံးဇာတ်လမ်းတွဲဖြစ်ပေမယ့် အပြင်မှာတော့ ကြော်ငြာရိုက်တာတို့ ဓာတ်ပုံရိုက်တွေမှာတော့ ဆုံဖူးတဲ့အမှတ်တရလေးတွေကိုလည်း ပြောပြထားပါတယ်..။


Photo Credit - Wint Yamone Naing's FB Page
Photo Credit - Wint Yamone Naing's FB Page
Photo Credit - Wint Yamone Naing's FB Page

သီတင်းကျွတ်သွားကန်တော့ခဲ့တဲ့ အမှတ်တရလေးတွေကိုလည်း “ပွဲတွေမှာဆုံတယ် အပြင်မှာဆုံတယ် တွေ့တိုင်းတွေ့တိုင်းမှာ တွေ့တဲ့အချိန်တွေမှာလည်း မေမွှေးက အမြဲသင်ပေးတယ် သမီးလေးဘာဆိုဘယ်လိုလုပ်နော် အိုင်တင်ဆိုဘယ်လိုလုပ်နော် အကုန်လုံး အစအဆုံးသင်ပေးတယ် တွေ့ရင်အမြဲကြားနေရတယ်ဆိုတော့ ကိုယ့်ရဲ့ မြင်ဆရာကြားဆရာပါပဲ အဲ့အတွေးလေးနဲ့ သတင်းကျွတ်မှာ သွားကန်တော့ဖြစ်တာပါ..” ဆိုပြီး ယမုံလေးက ပြောပြထားပါသေးတယ်..။

ဒီကနေ့လေးမှာတော့ ချစ်ရတဲ့အသည်းကျော် မင်းသမီးချောလေး ဝင့်ယမုံနိုင် ပြောပြထားတဲ့ အမှတ်တရတွေနဲ့ ချစ်စရာဗီဒီယိုဖိုင်လေးကိုလည်း ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - Wint Yamone Naing's FB Page
Photo Credit - Wint Yamone Naing's FB Page

Photo Credit - Wint Yamone Naing's FB Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။