၂၀၂၀ ခုနှစ် AFC Cup ပြိုင်ပွဲ အုပ်စု (H) ပြိုင်ပွဲတစ်ပွဲအဖြစ် အင်ဒိုနီးရှားကလပ်အသင်း ပီအက်စ်အမ် မာကာဆာနှင့် ရှမ်းယူနိုက်တက်ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားရမှာလည်းဖြစ်ပါတယ်။ယင်းပွဲစဉ်ကိုတော့ ဖေဖော်ဝါရီလ ၂၆ ရက် ယနေ့ အင်ဒိုနီးရှားစံတော်ချိန် မွန်းလွဲ ၃း၃၀ (မြန်မာစံတော်ချိန် မွန်းလွဲ ၃းဝ၀ နာရီ) အချိန်မှာ အင်ဒိုနီးရှားကလပ်အသင်း ပီအက်စ်အမ်မာကာဆာနဲ့ မြန်မာနိုင်ငံကိုယ်စားပြု ရှမ်းယူနိုက်တက် အသင်း တို့ဟာ ဂျာကာတာမြို့ရှိ မက်ဒ်ရာဘောလုံးကွင်းကြီးမှာ ယှဉ်ပြိုင်ကစားမှာဖြစ်ပါတယ်။

AFC ပွဲစဉ်တွေမှာ ရလဒ်ကောင်း ရယူနိုင်ခြင်းမရှိသေးတဲ့ ရှမ်းယူနိုက်တက်အနေနဲ့ ဒီနေ့ပွဲမှာရော ဘယ်လိုရလဒ်မျိုး ရရှိအောင် စွမ်းဆောင်နိုင်မှာလဲ ဆိုတာစိတ်ဝင်စားစရာကောင်းပါတယ်။ ရှမ်းယူနိုက်တက်အသင်းကတော့ ပြီးခဲ့တဲ့ အုပ်စုပွဲစဉ်တစ်ပွဲဖြစ်တဲ့ဆဲရက်စ်နီဂရိုးစ်အသင်း ပွဲစဉ်မှာအပြန်အလှန်တိုက်စစ်ဆင်ကစားထားကာ အကောင်းဆုံးကြိုးစားယှဉ်ပြိုင်ကစားခဲ့ပေမယ့်လည်း (၃-၂) ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပါတယ်။ယခုပွဲစဉ်ဟာ ရှမ်းယူနိုက်တက်အသင်းရဲ့ အရေးကြီးတဲ့ပွဲစဉ်ဖြစ်တဲ့အတွက် အမှားယွင်းမှုမရှိပဲသေချာ ဂရိုစိုက် ယှဉ်ပြိုင်ကစားသွားမှာလည်းဖြစ်ပါတယ်။

Photo Credit - Shan United FC Facebook Page
Photo Credit - Shan United FC Facebook Page

ရှမ်းယူနိုက်တက်အသင်းကတော့ အင်ဒိုနီးရှားကလပ်အသင်း ပီအက်စ်အမ်မာကာဆာအသင်းကို ရှုံးနိမ့်ခဲ့ရင်တော့ အုပ်စုအဆင့်နဲ့သာကျေနပ်ခဲ့ရမှာဖြစ်ပြီး တစ်ဖက်ပြိုင်ဘက်အသင်းက ကစားသမားတွေကလည်း အတွေ့အကြုံရှိတဲ့ ကစားသမားကောင်းတွေလို့လည်းသိရပါတယ်။ ကဲ....ချစ်ပရိသတ်ကြီးရေ ယနေ့ညနေမှာ အင်ဒိုနီးရှားကလပ်အသင်း ပီအက်စ်အမ်မာကာဆာအသင်းနှင့် ယှဉ်ပြိုင်ကစားမယ့် ရှမ်းယူနိုက်တက်အသင်း တို့ရဲ့ ပွဲစဉ်ကိုပရိသတ်တွေစောင့်မျှော်ကြည့်ရှုပေးပါဦးနော်...။ ဒီနေ့ပွဲကို Fox Sports ရုပ်သံလိုင်းကနေ တိုက်ရိုက်ပြသမှာ ဖြစ်ပါတယ်လို့လည်းသိရပါတယ်။

Source & Photo Credit - Shan United FC Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။