ပရိတ်သတ်ကြီးရေ ချစ်စရာကောင်းပြီးromanticဆန်တဲ့ စုံတွဲလေးဖြစ်တဲ့အာဘွိုင်းနဲ့မြတ်ရတနာကျော်တို့အတွဲလေးကို သိကြတယ်မလား။ သူတို့နှစ်ဦးဟာ သက်ဆိုင်ရာနယ်ပယ်အသီးသီးမှာ လည်းအောင်မြင်မှုကိုယ်စီရရှိထားကြတဲ့ သူတွေဖြစ်ပြီး ချစ်စရာကောင်းတဲ့သမီးလေး scarletကိုလည်း ပိုင်ဆိုင်နေပြီဖြစ်ပါတယ်။ အာဘွိုင်းဟာ ချစ်ဇနီးလေးမြတ်ရတနာကျော်ရဲ့ လိုအပ်ချက်တွေကို အမြဲအရိပ်တကြည့်ကြည့်နဲ့ဖြည့်ဆီးပေးတတ်တဲ့  ခင်ပွန်းကောင်းတစ်ယောက်ဆိုလည်း  မှားမယ်မထင်ပါဘူးနော်။


Photo Credit-Sai Kaung Htet (V Dee)
Photo Credit-Sai Kaung Htet (V Dee)

မကြာသေးမီက အာဘွိုင်းဟာသူ့ရဲ့facebookစာမျက်နှာတွင် ချစ်ရတဲ့မိသားစုနဲ့အတူ မန္တလေးကိုရောက်ရှိနေတဲ့ ပုံလေးတွေတင်ပေးလာပါတယ်။ သူတို့မိသားစုလေးဟာ မကြာခဏဆိုသလို ခရီးသွားလေ့ရှိကြတာဖြစ်ပြီး ခရီးသွားvlogsလေးတွေလည်း ရိုက်ကာ ပရိတ်သတ်တွေအတွက် မကြာခဏတင်ပေးလေ့ရှိပါတယ်။ အာဘွိုင်းတို့မိသားစုလေးဟာ တစ်ဦးနဲ့တစ်ဦးဖေးဖေးမမကြင်နာစွာနဲ့ မြင်ရသူတိုင်း ကြည်နူးမိစေနိုင်တဲ့ ချစ်စဖွယ်ပို့စ်လေးတွေနဲ့ပုံလေးတွေကိုတင်ပေးလာတာပါနော်။

Photo Credit-Sai Kaung Htet (V Dee)
Photo Credit-Sai Kaung Htet (V Dee)

အာဘွိုင်းတို့မိသားစုလေးဟာ လတ်တလောတွင်ပွဲအခမ်းအနားများတက်ရောက်နေပြီး မိသားစုကို အချိန်များများပေးကာ ပျော်ရွှင်နေကြတာဖြစ်ပါတယ်။ ပရိတ်သတ်ကြီးလည်း သူတို့မိသားစုလေးကို ချစ်ခင်အားပေးကြမယ်မလား။ ချစ်စရာကောင်းတဲ့အာဘွိုင်းနဲ့မြတ်ရတနာကျော်တို့ရဲ့ မိသားစုပုံရိပ်လေးတွေကို ပရိတ်သတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-Sai Kaung Htet (V Dee)
Photo Credit-Sai Kaung Htet (V Dee)

Source-Kyaw Phyo Tun's Facebook acc

Photo Credit-Sai Kaung Htet (V Dee)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။