သရုပ်ဆောင်လောကမှာပရိသတ်တွေတစ်ခဲနက်အားပေးနေရုံသာမက အနုပညာရှင်အချင်းချင်းကတောင်ချီးကျူးနေရတာကတော့ သရုပ်ဆောင် မင်းမော်ကွန်းပါ ။သူ့ရဲ့အကောင်းဆုံးပီပြင်တဲ့သရုပ်ဆောင်မှုတွေကြောင့် အကယ်ဒမီဆုတွေကိုပါသိမ်းပိုက်နိုင်တဲ့မင်းသားတစ်လက်ပါ။ အနုပညာအလုပ်တွေမှာအောင်မြင်နာမည်ကျော်ကြားနေပေမယ့်လည်း မာနမထားပဲဖြူစင်ရိုးသားတဲ့စိတ်ဓာတ်လေးတွေကြောင့် တစ်နိုင်ငံလုံးကပရိသတ်တွေရဲ့အချစ်တော်တစ်ယောက်ဖြစ်နေရတာပါ။

သူကတော့လက်ရှိမှာလည်းရုပ်ရှင်ဇာတ်ကားကြီးတွေကို မနားတမ်းရိုက်ကူးနေတာဖြစ်ပြီးသူ့ဇာတ်ကားကြီးတွေတိုင်း ကိုပရိသတ်တွေစောင့်မျှော်နေကြတာပါ။သူ့ဇာတ်ကားတိုင်းကလည်းကြည့်နေတဲ့ပရိသတ်ကို အပြင်မှာဖြစ်နေတဲ့အတိုင်းသဘာဝကျကျသရုပ်ဆောင်ပြနိုင်တဲ့သရုပ်ဆောင်ကောင်းတစ်ယောက်ပါ။ ဒါ့အပြင် သာယာပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ရရှိထားတာပါ။ ပရိသတ်တွေကလည်း သူတို့ရဲ့မိသားစုလေးကို ချစ်ခင်အားကျနေကြတာပဲ ဖြစ်ပါတယ်။  

ဒီနေ့လေးကတော့ သရုပ်ဆောင် မင်းမော်ကွန်းရဲ့ မွေးနေ့ရက်မြတ်လေးပဲ ဖြစ်ပါတယ်။ သူ့ရဲ့ မွေးနေ့လေးကိုတော့ ချစ်ရတဲ့ အနုပညာညီအစ်ကိုတွေဖြစ်ကြတဲ့ နေတိုး၊ကျော်ကျော်ဗိုလ်၊ထွန်းထွန်း၊ရဲလေးတို့က အမှတ်တရပုံရိပ်လေးတွေနဲ့ မွေးနေ့ဆုတောင်းပေးထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ဒီအမှတ်တရ ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Credit - နှင်းဆီရင်ခွင်လူမှုကူညီရေးဖောင်ဒေးရှင်း Facebook Page and Snipeer of Photography 

Photo Credit - နှင်းဆီရင်ခွင်လူမှုကူညီရေးဖောင်ဒေးရှင်း Facebook Page and Snipeer of Photography
Photo Credit - နှင်းဆီရင်ခွင်လူမှုကူညီရေးဖောင်ဒေးရှင်း Facebook Page and Snipeer of Photography
Photo Credit - နှင်းဆီရင်ခွင်လူမှုကူညီရေးဖောင်ဒေးရှင်း Facebook Page and Snipeer of Photography
Photo Credit - နှင်းဆီရင်ခွင်လူမှုကူညီရေးဖောင်ဒေးရှင်း Facebook Page and Snipeer of Photography

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။