စိုးညီအစ်မတွေထဲမှာတစ်ယောက်အပါအဝင်ဖြစ်တဲ့ အဆိုတော်၊သရုပ်ဆောင် စန္ဒီမြင့်လွင်ကတော့ ကိုယ်ပိုင်အရည်အချင်းတွေနဲ့ အောင်မြင်မှုသရဖူဆောင်းထားတာ ဖြစ်ပါတယ်။ စန္ဒီမြင့်လွင်က သရုပ်ဆောင်ပိုင်းမှာဆိုရင်လည်း အပိုအလိုမရှိအောင် သရုပ်ဆောင်နိုင်သလို အဆိုပိုင်းမှာဆိုရင်လည်း အရည်အချင်းပြည့်ဝသူ ဖြစ်ပါတယ်။ လက်ရှိမှာတော့ စန္ဒီမြင့်လွင်က တေးသီချင်းတွေအဓိကဖန်တီးပြီး သီချင်းဗီဒီယိုလေးတွေ ရိုက်ကူးနေတာ ဖြစ်ပါတယ်။

Photo Credit-Sandy Myint Lwin's FB Page
Photo Credit-Sandy Myint Lwin's FB Page
Photo Credit-Sandy Myint Lwin's FB Page

စန္ဒီမြင့်လွင်အနေနဲ့ အနုပညာအလုပ်တွေကိုလုပ်ကိုင်ရင်း သမီးချောလေးကိုလည်း မိခင်မေတ္တာအပြည့်ပေးပြီး ပြုစုစောင့်ရှောက်နေတာ ဖြစ်ပါတယ်။ အသက် (၇)လကျော်အရွယ်ရှိပြီဖြစ်တဲ့ စန္ဒီမြင့်လွင်ရဲ့သမီးလေးက ၀၀ကစ်ကစ်လေးနဲ့ တကယ့်ကိုချစ်ဖို့ကောင်းတာ ဖြစ်ပါတယ်။ အခုလည်း မေမေစန္ဒီမြင့်လွင်က ချစ်သမီးလေး Treasure ရဲ့အသည်းယားစရာကောင်းတဲ့ ဗီဒီယိုဖိုင်လေးတစ်ခုကို မျှဝေပေးထားတာ ဖြစ်ပါတယ်။

Photo Credit-Sandy Myint Lwin's FB Page
Photo Credit-Sandy Myint Lwin's FB Page
Photo Credit-Sandy Myint Lwin's FB Page

လက်ခုပ်တီးတိုင်းကစားရတာကို သဘောတွေကျပြီး အားရပါးရ ရယ်မောပျော်ရွှင်နေတဲ့ သမီးလေးရဲ့ဗီဒီယိုလေးကို စန္ဒီမြင့်လွင်က တင်ထားတာ ဖြစ်ပါတယ်။ လုံးလုံးကစ်ကစ်လေးနဲ့ အသည်းယားစရာ Treasure လေးကတော့ မြင်သူတိုင်းကို အချစ်ပိုစေလောက်အောင်ပါပဲနော်။ ကဲ ချစ်ပရိသတ်တွေအတွက် စန္ဒီမြင့်လွင်သမီးချောလေးရဲ့ချစ်စရာကောင်းတဲ့ ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Video Credit-Sandy Myint Lwin's FB Story 

Photo Credit-Sandy Myint Lwin's FB Page
Photo Credit-Sandy Myint Lwin's FB Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။