ပရိသတ်ကြီးရေ ပျော်ရွှင်စရာမိသားစုဘဝလေးကို ပိုင်ဆိုင်ထားတဲ့ နန်းမြတ်ဖြိုးသင်းကတော့ ချစ်စရာသားသားလေးတစ်ယောက်လည်းရှိနေပြီဖြစ်တာကြောင့် မိသားစုဘဝလေးက ပိုမိုစိုပြေသွားပါတော့တယ်နော်။နန်းမြတ်က သားလေးကိုအနီးကပ်ပြုစုစောင့်ရှောက်ပေးနေတာကြောင့် အနုပညာအလုပ်တွေနဲ့နည်းနည်းအလှမ်းဝေးကွာနေပြီး ပွဲအခမ်းအနားတွေကိုတော့ တက်ရောက်နေတာဖြစ်ပါတယ်။နန်းမြတ်က သားသားလေးနဲ့လည်းကြော်ငြာတွေအတူတူရိုက်ကူးထားပါသေးတယ်နော်။

Photo Credit:Nann Myat Phyo Thinn's Facebook Account/Alinn Yaung
Photo Credit:Nann Myat Phyo Thinn's Facebook Account/RBV

နန်းမြတ်ရဲ့ချစ်ခင်ပွန်းကလည်း အားတဲ့အချိန်တိုင်းကို ဇနီးနဲ့သားလေးအတွက်ပေးပြီး လုံခြုံနွေးထွေးတဲ့မေတ္တာတရားတွေနဲ့ဂရုစိုက်ပေးနေတဲ့ ခင်ပွန်းကောင်းတစ်ယောက်ဖြစ်ပါတယ်နော်။Jack Jack လေးကတော့ ပရိသတ်တွေရဲ့မျက်စိရှေ့တင် (၁၀)လပြည့်သွားပြီဖြစ်ပြီး တစ်နေ့တစ်ခြားလည်းပိုပိုချစ်ဖို့ကောင်းလာပါတယ်။Jack Jack လေးက မျက်လုံးဝိုင်းဝိုင်း၊ပါးဖောင်းဖောင်းလေးတွေနဲ့ ချစ်မွှေးလေးပါလို့ တွေ့မြင်တဲ့သူတိုင်းက ချစ်ကြပါတယ်နော်။

Photo Credit:Nann Myat Phyo Thinn's Facebook Account
Photo Credit:Nann Myat Phyo Thinn's Facebook Account
Photo Credit:Nann Myat Phyo Thinn's Facebook Account

အခုဆိုရင်လည်း Jack Jack လေးကတော့ ဖေဖေ့ရဲ့ဂုတ်ပေါ်ကို ခွစီးထားပြီး ဖေဖေနဲ့အတူ ပျော်ပျော်ရွှင်ရွှင်ဆော့ကစားနေတာဖြစ်ပါတယ်။Jack Jack လေးတို့သားအဖနှစ်ယောက်ကတော့ ဟန်ချက်ညီညီနဲ့ ကစားနေကြကာ ရယ်မောပျော်ရွင်နေတဲ့ ပုံလေးကို နန်းမြတ်ကကြည့်ပြီး ကြည်နူးနေတာဖြစ်ပါတယ်။နန်းမြတ်ကတော့"သားအဖနှစ်ယောက် အဆင်ပြေနေတာ"ဆိုပြီး ကြည်နူးစရာဗီဒီယိုဖိုင်လေးကို ပရိသတ်ကြီးအတွက် မျှဝေလာခဲ့တာဖြစ်ပါတယ်နော်။

Photo Credit:Nann Myat Phyo Thinn's Facebook Account
Photo Credit:Nann Myat Phyo Thinn's Facebook Account

Source&Photo Credit:Nann Myat Phyo Thinn's Facebook Account

Video Credit:Nann Myat Phyo Thinn's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။