တစ်ယောက်ကိုတစ်ယောက် နားလည်မြတ်နိုးမှုတွေ အပြည့်ထားပြီး ပရိသတ်တွေအမြဲအားကျလောက်အောင် ရိုမန်တစ်ဆန်ဆန် ချစ်စရာကောင်းကြတဲ့ အနုပညာရှင်ဆယ်လီစုံတွဲလေးကတော့ အဆိုတော် Ah Boy နဲ့ သရုပ်ဆောင်မင်းသမီးချောလေး မြတ်ရတနာကျော်တို့ ဇနီးမောင်နှံပဲ ဖြစ်ပါတယ်..။ အနုပညာလောကမှာ နှစ်ယောက်လုံးက အောင်မြင်မှုတွေ များစွာရရှိထားပြီး အခုလက်ရှိတိုင်အောင်ပရိသတ်တွေရဲ့ အားပေးမှုကို တစ်ခဲနက်ရရှိနေသူတွေပဲဖြစ်ပါတယ်။

Photo credit --Sai Kaung Htet (V Dee)
Photo credit --Sai Kaung Htet (V Dee)
Photo credit --Sai Kaung Htet (V Dee)

Ah Boy နဲ့ မြတ်ရတနာကျော်တို့ စုံတွဲလေးကတော့ ချစ်စရာကောင်းလွန်းတဲ့ သမီးလေး Scarlett နဲ့အတူ ကြည်နူးပျော်ရွှင်စရာကောင်းပြီး ပရိသတ်တွေအားကျရတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ဖြတ်သန်းနေကြတာလည်း ဖြစ်ပါတယ်။ သူတို့ နှစ်ဦးက လတ်တလောမှာ မိသားစုနဲ့ စီးပွားရေးဘက်ကို ဦးစားပေးလုပ်ဆောင်နေတာမို့ အနုပညာအလုပ်တွေနည်းပါးနေပေမယ့်လည်း ပရိသတ်တွေကတော့ ယနေ့အချိန်ထိ စောင့်ကြည့်အားပေးနေဆဲဖြစ်ပြီး သူတို့နှစ်ယောက်ကလည်း ကြည်နူးစရာမိသားစုပုံရိပ်လေးတွေကို အမြဲမျှဝေလေ့ရှိတာပဲဖြစ်ပါတယ်။

Photo credit --Sai Kaung Htet (V Dee)
Photo credit --Sai Kaung Htet (V Dee)
Photo credit --Sai Kaung Htet (V Dee)
Photo credit --Sai Kaung Htet (V Dee)

မင်းသမီးချောလေး မြတ်ရတနာကျော်က မနေ့ညက သူမရဲ့ ဖေ့ဘွတ်စာမျက်နှာမှာ "အချစ်တုတ်တုတ် ပဲကျွေးခဲ့စဉ် အခါ "ဆိုတဲ့ စာသားလေးနဲ့အတူ သမီးချောလေးဖြစ်တဲ့ Scarlettလေးရဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေကို တင်ပေးလာတာပဲဖြစ်ပါတယ်။ သမီးလေးကလည်း မေမေမြတ်ရတနာကျော်လို အချောလေးဖြစ်လို့ ပရိသတ်တွေကြည့်ရင်း အသည်းယားလာစေမှာ အမှန်ပဲမို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်...။

Photo credit --Sai Kaung Htet (V Dee)
Photo credit --Sai Kaung Htet (V Dee)
Photo credit --Sai Kaung Htet (V Dee)
Photo credit --Sai Kaung Htet (V Dee)
Photo credit --Sai Kaung Htet (V Dee)
Photo credit --Sai Kaung Htet (V Dee)

Photo credit --Sai Kaung Htet (V Dee)

Source - Myat Yadanar Kyaw's Fb account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။