ဆိုင်းမိုင်လို့လူသိများကြတဲ့ Mrtv-4ရဲ့မင်းသမီးချောလေး ပိုးကြာဖြူခင်ကိုပရိတ်သတ်ကြီးအားလုံးသိကြမယ်ထင်ပါတယ်နော်။ သူမဟာမော်ဒယ်တစ်ယောက်အနေနဲ့ အနုပညာလောကထဲစတင်ဝင်ရောက်လာပြီး photo shootingများ၊ကြော်ငြာများရိုက်ကူးရင်းကနေ Mrtv-4နဲ့လက်တွဲပြီး သရုပ်ဆောင်ဘက်ကို ခြေလှမ်းသစ်စတင်ခဲ့တာဖြစ်ပါတယ်။ ပိုးကြာဖြူခင်ဟာ ပီပြင်စွာသရုပ်ဆောင်နိုင်မှုတွေနဲ့ သဘာဝကျတဲ့သရုပ်ဆောင်ချက်တွေကြောင့် ယခုဆိုရင်ပရိတ်သတ်အားပေးလက်ခံတဲ့ မင်းသမီးချောလေးတစ်ယောက်ဖြစ်နေပြီဖြစ်ပါတယ်။


Photo Credit-Poe Kyar Phyu Khin's Facebook acc
Photo Credit-Poe Kyar Phyu Khin's Facebook acc

မကြာသေးမီက ပိုးကြာဖြူခင်ဟာသူမရဲ့facebookစာမျက်နှာတွင် "မင်းက ညှို့တတ်သောပင်လယ် ဆိုရင် ကိုယ်က ဆွဲငင်သောလမင်း ကိုယ်တို့ ၂ ယောက်တွေ့ကြတဲ့အခါ ဘာတွေ ဆက်ဖြစ်လာမလဲ ဖြေကြည့်"ဆိုတဲ့ captionလေးနဲ့ပုံလေးတွေတင်ပေးလာပါတယ်။ သူမဟာရွှေသောင်ယံကိုရောက်ရှိနေတာဖြစ်ပြီး သာယာလှပတဲ့ပင်လယ်ကြီးထဲမှာ စက်လှေစီးရင်းပျော်ရွှင်နေတာဖြစ်ပါတယ်။ ပိုးကြာဖြူခင်ဟာ နယ်ရှိုးတွေသွားရောက်ဖျော်ဖြေလေ့ရှိသူတစ်ယောက်ဖြစ်တဲ့အတွက် မကြာခဏဆိုသလို ခရီးတွေသွားဖြစ်နေတာဖြစ်ပါတယ်နော်။

Photo Credit-Poe Kyar Phyu Khin's Facebook acc
Photo Credit-Poe Kyar Phyu Khin's Facebook acc

ပိုးကြာဖြူခင်ဟာလတ်တလောတွင်ပွဲအခမ်းအနားများတက်ရောက်နေပြီး ခရီးတွေဆက်တိုက်ဆိုသလို သွားဖြစ်နေတာပါနော်။ ဒါ့ပြင်သူမဟာ နောက်ထပ်ဇာတ်လမ်းတွဲတွေအတွက်လည်း အကောင်းဆုံးပြင်ဆင်နေတာဖြစ်ပါတယ်။ ပရိတ်သတ်ကြီးရောပိုးကြာဖြူခင်ကိုအားပေးကြမယ်မလား။ စက်လှေစီးရင်းပျော်ရွှင်နေတဲ့ ပိုးကြာဖြူခင်ရဲ့ပုံရိပ်တွေကိုပရိတ်သတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-Poe Kyar Phyu Khin's Facebook acc
Photo Credit-Poe Kyar Phyu Khin's Facebook acc

Source-Poe Kyar Phyu Khin's Facebook acc

Photo Credit-Poe Kyar Phyu Khin's Facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။