MPT မြန်မာနေရှင်နယ်လိဂ် လူငယ် (ယူ-၁၉) ၂၀၂၀ အမှတ်ပေးဘောလုံးပြိုင်ပွဲ ပွဲစဉ်(၇) တစ်ပွဲအဖြစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့ ညနေ ၃ နာရီ ခွဲအချိန်တွင် ဇွဲ့ကပင်ယူနိုက်တက်ယူ-၁၉ အသင်း နှင့် ရန်ကုန်ယူနိုက်တက် ယူ-၁၉အသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။ ယင်းပွဲစဉ်မှာတော့ ရန်ကုန်ယူနိုက်တက်အသင်း က ဇွဲ့ကပင်ယူနိုက်တက်အသင်း ကို (၃-ဝ) ဂိုးဖြင့် ဂိုးပြတ်အနိုင်ရယူနိုင်ခဲ့ပါတယ်။

Photo Credit - Yangon United Football Club Facebook Page

ရန်ကုန်ယူနိုက်တက်အသင်း နှင့် ဇွဲကပင်ယူနိုက်တက်အသင်းတို့ ပွဲချိန်တစ်လျှောက် အပြန်အလှန်တိုက်စစ်ဆင်ကစားကာ ပွဲချိန် ၄၆ မိနစ် အချိန်မှစပြီး ရန်ကုန်ယူနိုက်တက်အသင်းအတွက် အနိုင်ဂိုးတွေကို စတင်ရရှိခဲ့ပါတယ်။ နှစ်သင်းစလုံးရဲ့ ကစားပုံမှာ အပြန်အလှန်ဂိုးကန်သွင်းမှုတွေရရှိခဲ့ပေမယ့် ပထမပိုင်း ရန်ကုန်ယူနိုက်တက်အသင်းက (၁-ဝ) ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒုတိယပိုင်း မှာ ရန်ကုန်ယူနိုက်တက်အသင်းအတွက် နောက်ထပ်အနိုင်ဂိုးတွေနဲ့အတူ ဇွဲကပင်ယူနိုက်တက်အသင်းကို (၃-ဝ) ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။

Photo Credit - Myanmar National League Facebook Page

ရန်ကုန်ယူနိုက်တက်အသင်းအတွက် အနိုင်ဂိုးတွေကို ပီတာအောင်ဝေထူး ၊ သန်းတိုးအောင်(၁) နှင့် ပြည့်ဖြိုးကျော်တို့က အသီးသီးသွင်းယူပေးခဲ့ပါတယ်။ ရန်ကုန်ယူနိုက်တက်အသင်းကတော့ ပွဲစဉ်(၇) ယှဉ်ပြိုင်ကစားခဲ့ပြီးချိန်တွင် ၆ ပွဲနိုင် ၊ တစ်ပွဲရှုံး ၊ ရမှတ် ၁၈ မှတ် ရထားပြီး အဆင့် ၂နေရာမှာရပ်တည်နေတာဖြစ်ပါတယ်။လာမည့် မတ်လ ၃ ရက်နေ့မှာ ရန်ကုန်ယူနိုက်တက် အိမ်ကွင်းမှာ ဧရာဝတီယူနိုက်တက်အသင်း နှင့် အကြိတ်အနယ်ယှဉ်ပြိုင်ကစားကြမှာလည်းဖြစ်ပါတယ်။

Source & Photo Credit - Yangon United Football Club Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။