ပရိသတ်ကြီးရေ မော်ဒယ်လ်တစ်ယောက်ဖြစ်တဲ့ စူးရှထက်ကတော့ လက်ရှိမှာဆိုရင် ပရိသတ်တွေရဲ့အချစ်တွေကိုလည်း တဖြည်းဖြည်းနဲ့ရရှိလာပြီး အနုပညာအလုပ်တွေကိုတော့ဖြည်းဖြည်းမှန်မှန်သာလုပ်ဆောင်နေတာဖြစ်ပါတယ်။စူးရှထက်က ကိုယ်ပိုင်စီးပွားရေးလေးဖြစ်တဲ့ Fashion ဆိုင်လေးကိုလည်းဖွင့်လှစ်ထားပြီး သမာအာဇီဝကျကျနဲ့ ရိုးရိုးသားသားစီးပွားရေးလုပ်ဆောင်နေတာဖြစ်လို့ ပရိသတ်တွေက သူမရဲ့စိတ်ဓာတ်လေးကိုချီးကျူးနေကြတာဖြစ်ပါတယ်။

Photo Credit:Zar Chi's Facebook Account
Photo Credit:Zar Chi's Facebook Account

စူးရှထက်က မိသားစုကိုလည်းလိုလေသေးမရှိအောင်ဂရုစိုက်စောင့်ရှောက်ပေးတဲ့ သမီးလိမ္မာလေးဖြစ်လို့ အလုပ်တွေကိုလည်းအရမ်းကြိုးစားတာဖြစ်ပါတယ်။စူးရှထက်ကတော့ မော်ဒယ်လ်တစ်ယောက်အဖြစ်ရပ်တည်နေတာကြောင့် ခန္ဓာကိုယ်ကောက်ကြောင်းကလည်း အပြစ်ပြောစရာမရှိလောက်အောင်လှပပြီး သူမရဲ့မျက်နှာလေးကလည်း ညှို့အားပြင်းတာကြောင့် ပုရိသတွေရဲ့ရင်ကို အခုန်မြန်သွားစေပါတယ်နော်။

Photo Credit:Zar Chi's Facebook Account
Photo Credit:zin Nyein thu

စူးရှထက်က သူမရဲ့ဆွဲဆောင်မှုရှိတဲ့ ပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာမှာ မျှဝေလေ့ရှိပြီး အခုတစ်ခါမှာတော့"တစ်ခါတစ်လေ ကျားသင့်ရင်လဲ ကျားရတာပေါ့"ဆိုပြီး ရေးသားကာ တင်းရင်းတဲ့ကောက်ကြောင်းအလှတွေကို ဖုံးကွယ်ထားပြီး ယောက်ျားလေးစတိုင်လ်နဲ့အရမ်းမိုက်နေတဲ့ ပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာမှာ မျှဝေလာခဲ့တာဖြစ်ပါတယ်။ယောက်ျားလေးစတိုင်လ်နဲ့တောင် နုငယ်ချောမောနေပြီး အရမ်းလှနေတဲ့ စူးရှထက်ရဲ့ ပုံရိပ်လေးတွေကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။

Photo Credit:zin Nyein thu
Photo Credit:zin Nyein thu

Photo Credit:zin Nyein thu

Source:Zar Chi's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။