မင်းသမီးချောလေး သင်ဇာဝင့်ကျော်ကတော့ ပကတိအတိုင်း ချောမောလှပတဲ့မျက်နှာလေးကိုပိုင်ဆိုင်ထားသလို ခန္ဓာကိုယ်လေးကလည်း အချိုးအစားပြေပြစ်လွန်းသူလေး ဖြစ်ပါတယ်။ ကိုယ်လုံးကိုယ်ပေါက်လှပတဲ့ သင်ဇာက အမိုက်စားကောက်ကြောင်းအလှပိုင်ရှင်လေးဖြစ်တာကြောင့် ဘယ်လိုဖက်ရှင်မျိုးနဲ့မဆို ဆွဲဆောင်မှုရှိနေတာဖြစ်ပါတယ်။ ဒါ့အပြင် သင်ဇာက သူမတူတဲ့အလန်းစားဖက်ရှင်လေးတွေကို ဝတ်ဆင်လေ့ရှိသူလည်း ဖြစ်ပါတယ်။

Photo Credit-Amazing Grace
Photo Credit-Amazing Grace
Photo Credit-Amazing Grace

နာမည်တစ်လုံးနဲ့ လျှမ်းလျှမ်းတောက်အောင်မြင်နေတဲ့ သင်ဇာက ပုရိသတွေကြားမှာ ရေပန်းစားနေသလို အားလုံးရဲ့စိတ်ဝင်စားမှု ရရှိနေတာလည်း ဖြစ်ပါတယ်။ လတ်တလောမှာတော့ သင်ဇာတစ်ယောက် ပွဲအခမ်းအနားတွေဆက်တိုက်တက်ရောက်နေရပြီး အခုလည်း ငွေဆောင်ကမ်းခြေမှာ ရိုက်ကူးရေးပြုလုပ်နေရတာ ဖြစ်ပါတယ်။ ခပ်မိုက်မိုက်ဖက်ရှင်လေးကို ဝတ်ဆင်ထားတဲ့ သင်ဇာကတော့ စတိုင်အပြည့်နဲ့ အထာကျနေတာ ဖြစ်ပါတယ်။

Photo Credit-Amazing Grace
Photo Credit-Amazing Grace

ဒါ့အပြင် သင်ဇာက သူမရဲ့ဖြူဖွေးလှတဲ့ ပေါင်တံသွယ်သွယ်လေးပေါ်လွင်သွားလောက်အောင် အလန်းစားပို့စ်တွေပေးပြီး အလှပုံလေးတွေ ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ မျက်မှန်တစ်လက်တပ်ပြီး ခရီးဆောင်အိတ်လေးဆွဲကာ လမ်းလျှောက်လာတဲ့ သင်ဇာရဲ့ပုံစံကလည်း တကယ့်ကိုကြွေချင်စရာကောင်းနေတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး သင်ဇာဝင့်ကျော်ရဲ့အမိုက်စားဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Video Credit-Thin Zar Wint Kyaw's IG Story 

Photo Credit-Thin Zar Wint Kyaw's IG Story
Photo Credit-Thin Zar Wint Kyaw's IG Story

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။