နိုင်ငံကိုယ်စားပြုmissတစ်ယောက်အနေနဲ့ ပရိသတ်အားပေးမှုရရှိလာခဲ့ပြီး အနုပညာရှင်တစ်ယောက်အနေနဲ့ပါ ရပ်တည်အောင်မြင်နေပြီဖြစ်တဲ့ ခင်ဝင့်ဝါကိုပရိတ်သတ်ကြီးအားလုံး သိကြမယ်ထင်ပါတယ်နော်။ သူမဟာ music videoများ ဗီဒီယိုဇာတ်ကားများနဲ့အနုပညာလောကထဲ စတင်ဝင်ရောက်လာတာဖြစ်ပြီး ဇာတ်လမ်းတွဲများ ရုပ်ရှင်ကားကြီးများလည်းရိုက်ကူးနေပြီဖြစ်ပါတယ်။ ခင်ဝင့်ဝါဟာ ဇာတ်ရုပ်ပီပြင်စွာသရုပ်ဆောင်နိုင်မှုတွေနဲ့ အကောင်းဆုံကြိုးစားမှုတွေကြောင့် အနုပညာလောကမှာအချိန်အတော်ကြာ ရပ်တည်နေနိုင်သူတစ်ယောက်ဆိုလည်း မှားမယ်မထင်ပါဘူးနော်။


Photo Credit-PHOON Photography
Photo Credit-PHOON Photography

ခင်ဝင့်ဝါဟာ မကြာသေးမီကသူမရဲ့facebookစာမျက်နှာတွင် "ဘဝမှာတစ်ကြိမ်တစ်ခါလောက်တော့ကိုယ့်ကိုယ်ကို ပိုချစ်ပြီး ဦးစား ပေးပါ အဲ့ဒါတစ်ကိုယ်ကောင်းဆန်တာ မဟုတ်ဖူးတကယ်လိုအပ်တယ်"ဆိုတဲ့captionလေးနဲ့ပုံလေးတွေတင်ပေးလာပါတယ်။ သူမဟာ မြန်မာဆန်ဆန်ဝတ်စုံအပြာရောင်လေးကိုဝတ်ဆင်ထားပြီး ကျက်သရေရှိရှိလှနေတာပါနော်။ ခင်ဝင့်ဝါဟာလတ်တလောတွင် ဆိုင်ဖွင့်ပွဲအခမ်းအနားများ၊ပွဲအခမ်းအနားများတက်ရောက်နေတာဖြစ်ပြီး ပရိတ်သတ်အားပေးမှုရရှိထားတဲ့ မင်းသမီးချောလေးပါ။

Photo Credit-PHOON Photography
Photo Credit-PHOON Photography

ခင်ဝင့်ဝါဟာ လတ်တလောတွင် ဝင်္ကပါလမ်းမများဆိုတဲ့ဇာတ်လမ်းတွဲကို စိုင်းစိုင်းခမ်းလှိုင်နဲ့အတူ အခြားသောအနုပညာမောင်နှမများနဲ့ရိုက်ကူးနေတာဖြစ်ပါတယ်။ ပရိတ်သတ်ကြီးရော ဒီဇာတ်ကားကြီးထွက်လာရင် အားပေးမယ်မလား။ ကျက်သရေရှိရှိလှနေတဲ့ ခင်ဝင့်ဝါရဲ့ပုံရိပ်တွေကို ပရိတ်သတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-PHOON Photography
Photo Credit-PHOON Photography

Source-Khin Wint Wah's Facebook page

Photo Credit-PHOON Photography

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။