ပုရိသယောကျ်ားလေး ပရိသတ်တွေကြားမှာ ရေပန်းစားပြီး မိန်းကလေးပရိသတ်တွေကပါ တစ်ခဲနက်အားပေးချင်းကို ခံထားရတဲ့ သူလေးကတော့ လိင်ခွဲစိတ်မှုပြုလုပ်ထားပြီး Lady Boy ဘဝကနေ မိန်းကလေးဘဝကို ပြောင်းလဲထားတဲ့ မျိုးကိုကိုစန်းပဲဖြစ်ပါတယ်။ သူမကလတ်တလောမှာတော့ အနုပညာလှုပ်ရှားမှုအဖြစ် Photo Shooting တွေရိုက်နေတာကို တွေ့ရပါတယ်။ ချစ်စရာကောင်းတဲ့အမူအရာလေးတွေကြောင့် အားလုံးရဲ့ ဝန်းရံမှုကို ရရှိနေသူလေးလည်းဖြစ်ပါတယ်။

Photo credit - Myo Ko Ko San's FB account
Photo credit - Myo Ko Ko San's FB account

မျက်နှာပြုပြင်ခွဲစိတ်မှုမပြုလုပ်ထားပဲနဲ သဘာဝအတိုင်းချစ်စရာကောင်းနေတဲ့ သူလေးမို့ ပရိသတ်တွေက အချစ်ပိုနေကြတာပဲဖြစ်ပါတယ်။ အမျိုးသားထုကြီးရဲ့ ဝန်းရံမှုကို အပြည့် အဝရရှိနေတဲ့သူမကလည်း ပရိတ်သတ် တွေကို တလေးတစားနဲ့ပြန်ပြီး အလေးပေးဂရုစိုက် တာကိုလည်း တွေ့ရပါတယ်။ ချစ်စရာကောင်းတဲ့ အပြုံးလေးတွေကတော့ သူမရဲ့ဆွဲဆောင်မှုတစ်ခုဆိုရင်လည်းမမှားနိုင်ပါဘူးနော်။

Photo credit - Myo Ko Ko San's FB account
Photo credit - Myo Ko Ko San's FB account

မျိုးကိုကိုစန်းက မြန်မာဆန်ဆန်လေးတွေဝတ်ဆင်ရင်လည်း လိုက်ဖက်ပြီး နန်းစံသလို ခေတ်ဆန်ဆန်အဝတ်အစားလေးတွေ ဝတ်ဆင်ပြန်ရင်လည်း ကိုယ်လုံးလေးနဲ့ လိုက်ဖက်သူလည်းဖြစ်ပါတယ်။ အခုလက်ရှိမှာလည်း သူမက "မြန်မာဝတ်စုံလေးနဲ့ဘုရားသွား.."ဆိုတဲ့ Captionလေးနဲ့အတူ ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေကို ဖေ့ဘွတ်စာမျက်နှာကနေ တင်ပေးလာတာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်ကြီးအတွက် မျိုးကိုကိုစန်းရဲ့ ဘုရားရောက်နေတဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါရစေနော်...။

Photo credit - Myo Ko Ko San's FB account
Photo credit - Myo Ko Ko San's FB account
Photo credit - Myo Ko Ko San's FB account

Source & Photo credit - Myo Ko Ko San's FB account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။