ပရိသတ်ကြီးရေ အကယ်ဒမီမင်းသမီးတစ်လက်ဖြစ်တဲ့ ချောရတနာကတော့ အခုနောက်ပိုင်းမှာဆိုရင် အနုပညာအလုပ်တွေနဲ့ နည်းနည်းအလှမ်းဝေးကွာနေပြီး ကိုယ်ပိုင်မိသားစုဘဝလေးမှာ အေးချမ်းစွာနေထိုင်နေတာဖြစ်ပါတယ်။တစ်ခေတ်တစ်ခါကတည်းက ဗီဒီယိုဇာတ်ကားတွေနဲ့ ရုပ်ရှင်ဇာတ်ကားတွေအများအပြားမှာပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေကို ရရှိခဲ့တာပါနော်။ပရိသတ်တွေကတော့ ယနေ့အချိန်ထိလည်း ချောရတနာကို အားပေးချစ်ခင်နေကြဆဲဖြစ်ပြီး သူမရဲ့အနုပညာလှုပ်ရှားမှုတွေကို မျှော်လင့်နေကြတာပါ။

Photo Credit:Chaw Yadanar's Facebook Account
Photo Credit:Chaw Yadanar's Facebook Account
Photo Credit:Chaw Yadanar's Facebook Account/Li John Photography

အခုချိန်မှာဆိုရင်တော့ ချောရတနာက သားတစ်ယောက်၊သမီးတစ်ယောက်ကို မွေးဖွားထားတဲ့ မိခင်တစ်ယောက်ဖြစ်ပြီး မိသားစုကိုသာ လိုလေသေးမရှိအောင်ဂရုစိုက်စောင့်ရှောက်ပေးနေတာဖြစ်ပါတယ်။ချောရတနာရဲ့ သားနဲ့သမီးကလည်း ချစ်မွှေးလေးတွေပါပြီး တွေ့မြင်တဲ့သူတိုင်းက ချစ်ကြတဲ့ ကလေးလေးတွေဖြစ်ပါတယ်နော်။ချောရတနာကတော့ ကလေးနှစ်ယောက်မွေးဖွားထားတဲ့ မိခင်တစ်ယောက်လို့ထင်ရက်စရာမရှိရလောက်အောင် နုငယ်ပျိုမျစ်နေတာဖြစ်ပါတယ်။

Photo Credit:Chaw Yadanar's Facebook Account
Photo Credit:Chaw Yadanar's Facebook Account

တစ်ခေတ်တစ်ခါကတည်းက အရပ်ရှည်ရှည်နဲ့ သွယ်လျလှပတဲ့ခန္ဓာကိုယ်အလှကိုပိုင်ဆိုင်ထားပြီး မျက်နှာအလှလေးကလည်းပြီးပြည့်စုံပါတယ်နော်။အခုဆိုရင်တော့ ချောရတနာက"ငယ်ငယ်ကတည်းကလူမိုက်ရုပ်အချေရုပ်နဲ့ အဲ့လိုစူပုတ်နေတာတောင် ချစ်တဲ့သူများတာတော့ ကိုယ့်အားနည်းချက်လေ"ဆိုပြီး ရေးသားထားကာ ကျောင်းသူဘဝတုန်းက ချစ်စရာပုံရိပ်လေးကို သူမရဲ့လူမှုကွန်ယက်စာမျက်နှာ ပရိသတ်ကြီးအတွက် မျှဝေပေးလာခဲ့တာဖြစ်ပါတယ်။

Photo Credit:Chaw Yadanar's Facebook Account
Photo Credit:Chaw Yadanar's Facebook Account
Photo Credit:Chaw Yadanar's Facebook Account

Source&Photo Credit:Chaw Yadanar's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။