မော်ဒယ်မလေး စုလှိုင်ဝင်းကိုတော့ ပရိသတ်တွေအားလုံးက အကဗီဒီယိုလေးတွေနဲ့ စတင်ရင်းနှီးခဲ့ကြမယ်လို့ ထင်ပါတယ်နော်။ အကနဲ့ပတ်သက်ပြီး ဝါသနာပါတဲ့ စုလှိုင်ဝင်းက Cover Dance ဗီဒီယိုလေးတွေ ရိုက်ကူးပြီး ပရိသတ်တွေအတွက် မျှဝေပေးလေ့ရှိတာ ဖြစ်ပါတယ်။ ရုပ်ရည်လေးကလည်း ချောမောလှပသလို အကလည်းတော်တဲ့ စုလှိုင်ဝင်းကတော့ ပုရိသပရိသတ်တွေကြားမှာ မျက်နှာပွင့်နေသူလေးပဲ ဖြစ်ပါတယ်။

Photo Credit-Su Hlaing Win's FB Acc
Photo Credit-Su Hlaing Win's FB Acc
Photo Credit-Su Hlaing Win's FB Acc

ပညာရေးတစ်ဖက်နဲ့ အနုပညာအလုပ်တွေကို လုပ်ကိုင်နေတဲ့ စုလှိုင်ဝင်းက ကြော်ငြာလေးတွေလည်း ရိုက်ကူးလေ့ရှိတာ ဖြစ်ပါတယ်။ စုလှိုင်ဝင်းက သူမကိုအားပေးချစ်ခင်ကြတဲ့ ပရိသတ်တွေအတွက် တစ်နေ့တာလှုပ်ရှားမှုပုံရိပ်လေးတွေနဲ့ အကဗီဒီယိုလေးတွေကိုလည်း အမြဲမျှဝေပေးနေတာ ဖြစ်ပါတယ်။ အခုလည်း စုလှိုင်ဝင်းက ချစ်စရာကောင်းတဲ့အမူအရာလေးနဲ့ ရိုက်ကူးထားတဲ့ Tik Tok ဗီဒီယိုလေးကို တင်ပေးထားပါတယ်။

Photo Credit-Su Hlaing Win's FB Acc
Photo Credit-Su Hlaing Win's FB Acc

စုလှိုင်ဝင်းက လတ်တလောမှာရေပန်းစားလူကြိုက်များနေတဲ့ သီချင်းလေးနဲ့ ဟန်ပန်အမူအရာလေးတွေလုပ်ပြပြီး Tik Tok ကစားထားတာ ဖြစ်ပါတယ်။ မြန်မာဝတ်စုံလေးနဲ့ အရမ်းကိုယဉ်ကျေးသိမ်မွေ့နေတဲ့ စုလှိုင်ဝင်းကတော့ ပုရိသတွေကြွေမယ်ဆိုရင်လည်း ကြွေလောက်ပါတယ်နော်။ ကဲ ချစ်ပရိသတ်တွေအတွက် မော်ဒယ်မလေး စုလှိုင်ဝင်းရဲ့ချစ်စရာကောင်းတဲ့ Tik Tok ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Video Credit-Su Hlaing Win's FB Story

Photo Credit-Su Hlaing Win's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။