ပရိသတ်ကြီးရေ ဂီတအနုပညာလာကမှာ အချိန်အတိုတွင်း အသံချိုချိုလေးနဲ့ ပရိသတ်တွေရဲ့ အသည်းတွေကို သိမ်းပိုက်နိုင်ခဲ့သူကတော့ မေမဒီ ပဲဖြစ်ပါတယ်။ မေမဒီဟာ Myanmar idol season – 3 ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး Top – 7 အထိကိုတက်ရောက်နိုင်ခဲ့တဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်။ ဒါ့အပြင် လွတ်လပ်ပေါ့ပါးပြီး ကလေးလေးတစ်ယောက်လိုနေတက်တဲ့ မေမဒီ တစ်ယောက်ဟာ ပြိုင်ပွဲပြီးဆုံးသွားတဲ့နောက်ပိုင်းမှာဆိုရင်လည်း ဂီတနယ်ပယ်ကို လက်တွေ့ကျကျလျှောက်လှမ်းနေပြီလည်းဖြစ်ပါတယ်။ အနုပညာအလုပ်တွေကို လုပ်ကိုင်ရင်း တစ်ဖက်မှာလည်း ပရဟိတ လူမှုရေးအကျိုးပြု အလှူဒါန်းမှုတွေမှာ တက်နိုင်သလောက်ပါဝင်လှူဒါန်းတဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်။

Photo Credit - May Madi Facebook Account
Photo Credit - May Madi Facebook Account

ယခုမှာဆိုရင်လည်း မေမဒီက ပြီးခဲ့တဲ့ ရက်ပိုင်လောက်က Fan တွေနဲ့အတူ တက်နိုင်သလောက်စုပေါင်းပြီး အလှူလေးတစ်ခုမှာ ပါဝင်လှူဒါန်းခဲ့တယ်။ အဲ့ဒီ အလှူလေးမှာအဟာရဒါနအဖြစ် အုန်းနို့ခေါက်ဆွဲနဲ့ အအေး ကျွေးမွေးနေခြင်းကို မေမဒီလေးက ကိုယ်တိုင်ကိုယ်ကျ ပါဝင်လုပ်အားပေးခဲ့တာလေးကိုလည်းတွေ့ရပါတယ်။ မေမဒီလေးကတော့ အဟာရဒါနအလှူပြုခဲ့တဲ့ အမှတ်တရ ပုံရိပ်လေးတွေကို ချစ်တဲ့ပရိသတ်တွေ ပြန်လည်ကြည့်ရှုခံစားစေဖို့ သူမရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာဖော်ပြပေးထားပါသေးတယ်။

Photo Credit - May Madi Facebook Account
Photo Credit - May Madi Facebook Account

ဒါ့အပြင် အလှူဒါန်းမှုပြုခဲ့တဲ့ အမှတ်တရ ပုံရိပ်လေးတွေနဲ့အတူ ပရိသတ်တွေကို ဖော်ပြထားရာမှာ “ဘာရယ်ညာရယ်ခေါင်းစဉ်တော့ရှိပါဘူး ဒီလထဲမှာ ပွဲလေးဆိုရတော့ ပွဲကြေးထဲက ကိုယ့်အိမ်စရိတ်လေးဖယ်တယ် Album အတွက်ဖယ်တယ်ပိုတဲ့ငွေထဲက ပြန်လှူတာပါ ပွဲဆိုဖို့ခေါ်ပေးတဲ့သူများနှင့်အတူ မေလေးကိုချစ်ခင်သူများ သာဓုခေါ်ပါနော် ကျေးဇူးလဲတင်ပါတယ် ရှင် လုပ်အားပေးလိုက်လာကြတဲ Madians မိသားစုတွေကိုလဲ ကျေးဇူးတင်ပါတယ်….လှူဖြစ်အောင် လာပြောပေးတဲ့ ကို Zaw Ye Naung ကိုလဲကျေးဇူး” ဆိုပြီး ရေးသားဖော်ပြပေးထားပါသေးတယ်။ ကဲ… ချစ်ပရိသတ်ရေ ယခုမှာဆိုရင် မေမဒီ ရဲ့ အလှူကုသိုလ်ပြုလုပ်ခဲ့တဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - May Madi Facebook Account
Photo Credit - May Madi Facebook Account

Source & Photo Credit - May Madi Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။