တစ်ခေတ်တစ်ခါကတည်းက နာမည်ကြီးအောင်မြင်ခဲ့ပြီး အကယ်ဒမီဆုတွေကိုလက်ဝယ်ပိုင်ဆိုင်ထားတဲ့ ထက်ထက်မိုးဦးဟာဆိုရင် အနုပညာလောကမှာ အောင်မြင်မှုတွေနဲ့ရပ်တည်ခဲ့တဲ့သူတစ်ယောက်ဖြစ်ပါတယ်။ယနေ့အချိန်မှာဆိုရင်တော့ အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေပြီး ပရိသတ်တွေရဲ့မေတ္တာတွေကိုခံယူနေဆဲဖြစ်ပါတယ်။ထက်ထက်ရဲ့အလှတရားတွေကလည်း နည်းနည်းလေးမှမလျော့သွားတာကြောင့် အရွယ်တင်နုပျိုနေဆဲပါနော်။

Photo Credit:Htet Htet Moe Oo's Facebook Page
Photo Credit:Htet Htet Moe Oo's Facebook Page

လတ်တလောမှာဆိုရင်တော့ ထက်ထက်မိုးဦးက ဇာတ်လမ်းတွဲတွေမှာလည်းပါဝင်သရုပ်ဆောင်နေသလို ရုပ်ရှင်ဇာတ်ကားကြီးတွေလည်းရိုက်ကူးနေတာဖြစ်ပါတယ်။တည်ငြိမ်အေးချမ်းတဲ့အလှတရားတွေနဲ့ ပရိသတ်တွေရဲရင်ထဲမှာနေရာယူထားနိုင်ဆဲဖြစ်လို့ ပရိသတ်တွေကလည်း တစ်ခဲနက်အားပေးဝန်းရံနေကြတာပါနော်။ပရိသတ်တွေကတော့ ထက်ထက်မိုးဦးပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားကြီးတွေကို အားပေးဖို့အတွက် စောင့်မျှော်နေကြတာပဲဖြစ်ပါတယ်။

Photo Credit:Htet Htet Moe Oo's Facebook Page/PRO STUDIO
Photo Credit:Htet Htet Moe Oo's Facebook Page/PRO STUDIO
Photo Credit:Htet Htet Moe Oo's Facebook Page

ထက်ထက်မိုးဦးက အနုပညာအလုပ်တွေကိုပြန်လည်လုပ်ဆောင်နေတာကြောင့် အလှအပရေးရာကိုလည်း အထူးဂရုစိုက်ပြီး ဝိတ်လျော့နေတာဖြစ်ပါတယ်။အခုဆိုရင်တော့ ထက်ထက်က"ပိန်ချင်လို့ အိပ်ချိန်လျော့ ထမင်းလျော့စားတာ ခေါင်းတွေမူးပီး သွေးပေါင်ကျ နေလို့မကောင်းဘူးဖြစ်နေတယ်"ဆိုပြီး ရေးသားကာ ပရိသတ်ကြီးအတွက်မျှဝေလာတာပဲဖြစ်ပါတယ်။ဝိတ်ချဖို့မလိုအောင် ထက်ထက်ကအချိန်တိုင်းလှပကျော့ရှင်းနေတယ်ဆိုတာကိုချစ်ပရိသတ်ကြီးလည်း လက်ခံကြမှာပါနော်။

Photo Credit:Htet Htet Moe Oo's Facebook Page
Photo Credit:Htet Htet Moe Oo's Facebook Page

Source&Photo Credit:Htet Htet Moe Oo's Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။