မင်းသမီးချောလေး မိုးယုစံကတော့ နာမည်ကြီးအနုပညာရှင်တစ်ဦးဖြစ်ပြီး ဗီဒီယိုနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေ အများအပြားရိုက်ကူးခဲ့တာလည်း ဖြစ်ပါတယ်။ အလှမယ်ဘဝကတည်းက အောင်မြင်မှုရရှိခဲ့တဲ့ မိုးယုစံက အပြုံးချိုချိုလေးတွေနဲ့ ပရိသတ်တွေရဲ့နှလုံးသားကို သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။ ပြစ်မျိုးမှဲ့မထင်တဲ့အလှပိုင်ရှင်လေး မိုးယုက ကလေးတစ်ယောက်အမေဖြစ်သွားတာတောင်မှ အရွယ်တင်နုပျိုနေဆဲ ဖြစ်ပါတယ်။

Photo Credit-Moe Yu San's FB Acc
Photo Credit-Moe Yu San's FB Acc
Photo Credit-Moe Yu San's FB Acc

မိုးယုအနေနဲ့ လက်ရှိမှာ ပျော်ရွှင်စရာမိသားစုဘဝလေးကို ပိုင်ဆိုင်ထားရပြီး သားလေးကိုပြုစုစောင့်ရှောက်နေတာကြောင့် အနုပညာအလုပ်တွေကို အနည်းငယ်သာလုပ်ကိုင်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မိုးယုက သူမရဲ့ပရိသတ်တွေအတွက် လူမှုကွန်ယက်စာမျက်နှာကတစ်ဆင့် သူမနဲ့မိသားစုရဲ့ပုံရိပ်လေးတွေကို အမြဲမျှဝေပေးနေတာ ဖြစ်ပါတယ်။ အခုလည်း မိုးယုစံက ဒီနေ့မှာကျရောက်တဲ့ သူမရဲ့ချစ်မေမေအတွက် မွေးနေ့ဆုမွန်ကောင်းလေးတောင်းပေးထားပါတယ်။

Photo Credit-Moe Yu San's FB Acc
Photo Credit-Moe Yu San's FB Acc
Photo Credit-Moe Yu San's FB Acc

မိုးယုစံက သူမချစ်ရတဲ့မိခင်အတွက် မွေးနေ့မှာ အမှတ်တရပုံလေးတွေနဲ့အတူ ဗီဒီယိုလေးတစ်ခုလုပ်ပြီး ဆုတောင်းပေးထားတာပဲဖြစ်ပါတယ်။ မိုးယုစံက "Happy birthday မားမား အသက်ရှည် ကျန်းမာ ချမ်းသာ လိုအင်ပြည့်ဝပါစေ " ဆိုပြီး ချစ်မေမေအတွက် မွေးနေ့အမှတ်တရဗီဒီယိုဖိုင်လေးကို တင်ထားတာ ဖြစ်ပါတယ်။ ကဲ မိခင်ဖြစ်သူရဲ့မွေးနေ့မှာဗီဒီယိုလေးလုပ်ပြီး ဆုတောင်းပေးထားတဲ့ မိုးယုစံရဲ့ဗီဒီယိုဖိုင်လေးကို ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Video Credit-Moe Yu San's FB Acc 

Photo Credit-Moe Yu San's FB Acc
Photo Credit-Moe Yu San's FB Acc
Photo Credit-Moe Yu San's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။