တင်းတယ် တင်းတယ်ဆိုတဲ့သီချင်းလေးနဲ့ပရိတ်သတ်အားပေးမှုအပြည့်အဝရရှိခဲ့ပြီး ခပ်မိုက်မိုက်ပုံစံနဲ့အဆိုတော်မလေးအေသင်ချိုဆွေကိုပရိတ်သတ်ကြီးအားလုံးသိကြမယ်ထင်ပါတယ်နော်။ သူမဟာ အောင်မြင်မှုများစွာရရှိခဲ့သော်လည်း အနုပညာလောကကနေခဏအနားယူသွားခဲ့ပြီး ယခုအချိန်မှာ တစ်ဖန်ပြန်လည်အောင်မြင်လာတဲ့အဆိုတော်တစ်ယောက်ဖြစ်ပါတယ်။ ဒါ့ပြင် အေသင်ဟာချစ်စရာကောင်းတဲ့သမီးလေး lvyလေးကိုလည်းပိုင်ဆိုင်ထားတာဖြစ်ပြီး strongဖြစ်လှတဲ့ single motherတစ်ယောက်အနေနဲ့ သမီးလေးကို အကောင်းဆုံးပြုစုပျိုးထောင်ပေးနေတာပဲဖြစ်ပါတယ်။


Photo Credit-Athen Cho Swe's Facebook acc
Photo Credit-Athen Cho Swe's Facebook acc

အေသင်ချိုဆွေဟာ မကြာသေးမီကသူမရဲ့facebookစာမျက်နှာတွင် "ဘယ်တော့ မှ အိပ်ခါနီး ဂျီမကြဘူး(နေမကောင်းဖြစ်နေရင် တခါတလေ ဂျီတာပေါ့)လူကြားထဲရောက်ရင်လည်း ဘယ်တော့ အော်ငို တာမျိုးမရှိဘူး၊ သူ့ကို ဝိုင်းချစ်ကြမှန်းသိတော့ဓါတ်ပုံတယောက်ပီးတယောက်ရိုက်ကြလည်း စိတ်ရှည် သည်းခံရှာတယ်။ အမေ စကားကို လူရှေ့သူရှေ့ဆိုပိုလိုက်နာတယ်၊ သေချာပြောပြရင် နားလည်ပေးတယ်။ပြီးတော့ အလိုက်သိတယ်၊ မျက်နှာကြည့်နေတတ်တယ်။ ကြင်နာတတ်တယ်။ မေမေ ကူဆော့မပေးနိုင်လည်း တယောက် တည်း ခလေးတွေပြောပီးဆော့နေတာပဲ၊ ပြောရမယ်ဆို အကောင်းတွေချည်းပါပဲ။ ဒီမေမေ ဘယ်လောက်ကံကောင်းလည်း မေမေ ကိုလည်း အရမ်းချစ်တဲ့ခလေး မေမေ ကံကောင်းလိုက်တာသမီးရေမေမေ ပြောနေကျလိုပေါ့ မေမေ အရမ်းဆိုးနေလို ဘုရားက မေမေကို ထိန်းဖို့ အတွက် နတ်သမီး လေးတပါး စေလွှတ်လိုက်တဲ့ အတိုင်းပါပဲ"ဆိုပြီး ကြည်နူးဖွယ်စာသားလေးရေးကာတင်ပေးခဲ့ပါတယ်။


Photo Credit-Athen Cho Swe's Facebook acc
Photo Credit-Athen Cho Swe's Facebook acc

အေသင်ချိုဆွေဟာ လတ်တလောတွင် Don't Hate Yourselfဆိုတဲ့သီချင်းအသစ်လေးတစ်ပုဒ်ထွက်ရှိထားတာဖြစ်ပြီး ပရိတ်သတ်တွေအကြိုက်တွေ့တဲ့သီချင်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ အမြဲလန်းဆန်းတက်ကြွနေပြီး ရဲရင့်တဲ့အဆိုတော်မလေးအေသင်ချိုဆွေကို ပရိတ်သတ်ကြီးအားပေးချစ်ခင်ကြမယ်မလား။ အေသင်တင်ပေးလာတဲ့ ဗီးဗီးလေးအိပ်မောကျတဲ့video fileလေးကို ပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်နော်

Photo Credit-Athen Cho Swe's Facebook acc
Photo Credit-Athen Cho Swe's Facebook acc

Source-Athen Cho Swe's Facebook acc

Photo Credit/Video Credit-Athen Cho Swe's Facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။