MPT Myanmar National League 2020 အမှတ်ပေး ဘောလုံးပြိုင်ပွဲကြီးကတော့ ပွဲစဉ် ၇ အပြီးမှာ သွင်းဂိုးပေါင်း ၁၀၀ ကျော်သွားခဲ့ပြီ ဖြစ်ပါတယ်။2020 အမှတ်ပေး ဘောလုံးပြိုင်ပွဲရဲ့ သွင်းဂိုးပေါင်း ၁၀၀ ရာပြည့်ဂိုးကို သွင်းယူနိုင်ခဲ့သူကတော့ ဆောက်သမ်းမြန်မာအသင်းရဲ့ တိုက်စစ်မှူး ရှိုင်းသူရပဲ ဖြစ်ပါတယ်။

photo credit : myanmar national league 's facebook page
photo credit : myanmar national league 's facebook page

MPT Myanmar National League 2020 အမှတ်ပေး ဘောလုံးပြိုင်ပွဲကြီးကတော့ ပွဲစဉ် ၇ရဲ့ အထူးခြားဆုံးနဲ့ ပရိသတ်တွေစိတ်ဝင်စားခဲ့ရတဲ့ ပွဲကတော့ ချင်းယူနိုက်တက် အသင်းနဲ့ ဆောက်သမ်းမြန်မာအသင်းတို့ရဲ့ ပွဲစဉ်ဖြစ်ပြီး ဆောက်သမ်းမြန်မာအသင်းက ၈ဂိုး ၃ဂိုးနဲ့ အနိုင်ရရှိခဲ့ကာ သွင်းဂိုးတွေ အလွန်များပြားနေတာကြောင့်လည်း ပရိသတ်တွေ ပိုမိုစိတ်ဝင်စားခဲ့ပါတယ်။

photo credit : myanmar national league 's facebook page
photo credit : myanmar national league 's facebook page

တစ်ခြားပွဲစဉ်တွေတစ်ပွဲဖြစ်တဲ့ ရှမ်းအသင်းနဲ့ ရန်ကုန်ယူနိုက်တတ်အသင်းတို့ရဲ့ ပွဲစဉ်ဟာဆိုရင်လည်း မနှစ်က ထိပ်တိုက်တွေ့ဆုံမှုတွေကြောင့် ပရိသတ်တွေစိတ်ဝင်စားခဲ့တာပဲ ဖြစ်ပါတယ်။ ရှမ်းအသင်းနဲ့ ရန်ကုန်ယူနိုက်တတ်အသင်းတို့ဟာ တစ်ဘက် ၂ ဂိုးစီနဲ့ သရေရလဒ်နဲ့အတူ ရမှတ် တစ်မှတ်စီ ခွဲယူခဲ့ရပါတယ်။

source: myanmar national league 's facebook page  

photo credit : myanmar national league 's facebook page
photo credit : myanmar national league 's facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။