မင်းသမီးချောလေး ဟန်သီကတော့ အသက်ငယ်ပေမယ့် အနုပညာလမ်းကြောင်းမှာ အောင်မြင်မှုများစွာနဲ့ ထွန်းတောက်နေတဲ့ ကြယ်ပွင့်လေးဖြစ်တာကြောင့် သူမကို မသိတဲ့သူ မရှိသလောက်ကို ရှားပါတယ်နော်။ ငယ်ဂုဏ်လေးနဲ့အတူ လှသွေးကြွယ်နေတဲ့ မော်ဒယ်သရုပ်ဆောင် ဟန်သီ ဟာ မာန်မာနမရှိပဲ ပရိသတ်တွေနဲ့ တရင်းတနှီးနေလေ့ရှိသူမို့ သူမကို ချစ်ခင်အားပေးကြတဲ့အမာခံပရိသတ်တွေလည်း ရှိနေပါတယ်။

Photo credit - Han Thi's FB account
Photo credit - Han Thi's FB account

ချစ်စရာကောင်းပြီး ပွင့်လင်းသွက်လက်တဲ့ဟန်ပန်လေးတွေကြောင့် ပရိသတ်တွေရဲ့ အချစ်တွေရရှိထားတဲ့ ဟန်သီလေးကတော့ အနုပညာအလုပ်တွေကို ရှေ့ဆက်ကြိုးစားပြီး လုပ်ကိုင်နေတာလည်းဖြစ်ပါတယ်။ အခုလက်ရှိမှာလည်း သူမက ကြော်ငြာတွေ ရိုက်ကူးနေပြီး ၊ ဖိတ်ကြားထားတဲ့ ပွဲအခမ်းအနားတော်တော်များများကို တက်ရောက်နေတာလည်းဖြစ်ပါတယ်။ မင်းသမီးချောလေး ဟန်သီက မကြာသေးမီကမှ သူမရဲ့ ဖေ့ဘွတ်စာမျက်နှာမှာ "ဟန်တီ့ကိုနားလည်ပေးပြီး ချစ်မယ့်သူကိုတွေ့ဖို့ ဘယ်လောက်ပဲကြာပါစေ.... ကြာပန်းခိုင်လေး ဘုရားမှာလှူပြီး စောင့်နေမယ်နော်.... ကိုယ်လေမချစ်တတ်သေးဘူး..... "ဆိုတဲ့စာသားလေးကို တင်ထားတာပဲဖြစ်ပါတယ်။

Photo credit - Han Thi's FB account
Photo credit - Han Thi's FB account

ဒါ့အပြင်ဟန်သီက ချစ်စရာကောင်းတဲ့ မြန်မာဝတ်စုံလေးနဲ့အတူ ကြာပန်းလေးကို ကိုင်ကာ ပိုစ့်ပေးနေတဲ့ပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေကို မျှဝေပေးထားပါသေးတယ်။ ချစ်စရာကောင်းတဲ့ မင်းသမီးချောလေး ဟန်သီရဲ့ ပုံရိပ်လေးတွေကို ချစ်ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။ သူမရဲ့ ဆက်လက်လှုပ်ရှားမယ့် အနုပညာလုပ်ငန်းတွေကိုလည်း အားပေးကြမယ်မလား ပရိသတ်ကြီး....။

Photo credit - Han Thi's FB account
Photo credit - Han Thi's FB account
Photo credit - Han Thi's FB account
Photo credit - Han Thi's FB account
Photo credit - Han Thi's FB account

Source & Photo credit - Han Thi's FB account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။