MPT Myanmar National League II 2020 အမှတ်ပေးဘောလုံးပြိုင်ပွဲ ပွဲစဉ်(၄)အပြီးမှာတော့ အသင်းတိုင်းရဲ့ အမှတ်ပေးဇယားရပ်တည်မှုနဲ့ ပွဲရလဒ်များပဲဖြစ်ပါတယ်။ ပွဲစဉ် (၄) အပြီးမှာတော့ လေးပွဲကစားပြီးဆုံးချိန်ထိ ချင်းလန်းအသင်း နှင့် Junior Lion အသင်းတို့ ရမှတ် ၁၂ မှတ်စီဖြင့် အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးမှာ ဦးဆောင်ရပ်တည်လျက်ရှိတာကိုလည်းတွေ့ရပါတယ်။ အသင်းတိုင်းကတော့ နောက်တစ်ဆင့်တက်ရောက်နိုင်ရေးအတွက် ပြိုင်ဆိုင်မှုပြင်းပြင်းထန်ထန် ယှဉ်ပြိုင်ကစားသွားခဲ့ကြတာဖြစ်ပါတယ်။

Photo Credit - National League II Facebook Page

အခြားအသင်းတွေရဲ့ ရပ်တည်မှုတွေကလည်း မြဝတီအသင်းက ရမှတ် ၉ မှတ်ဖြင့် အဆင့် ၃ နေရာမှာ ရပ်တည်နေပြီး ယောမြေအသင်းကတော့ ရမှတ်မရရှိသေးသဖြင့် အမှတ်ပေးဇယားရဲ့ အောက်ဆုံးမှာရောက်ရှိနေတာဖြစ်ပါတယ်။ဒါ့အပြင် တက္ကသိုလ်များအသင်း နှင့် ငွေကြယ်ပွင့်များ အသင်းတို့က ရမှတ် ၄ မှတ် စီတူနေသော်လည်းဂိုးကွာခြားချက်ဖြင့် အဆင့် ၄ ၊ အဆင့် ၅ ဖြစ်ပြီး ကချင်ယူနိုက်တက်အသင်းနှင့် မောရဝတီအသင်း တို့က ရမှတ် ၃ မှတ်စီ ဂိုးကွာခြားချက်ဖြင့်လည်း အဆင့် ၆၊ အဆင့် ၇ တို့မှာ ရပ်တည်နေခဲ့ပါတယ်။

Photo Credit - National League II Facebook Page

ပွဲစဉ်(၄) အပြီး အသင်းတိုင်းရဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲပြီးရလဒ်တွေကိုတင်ပြရမယ်ဆိုရင် ယောမြေ (၃-၄) ငွေကြယ်ပွင့်များအသင်း ၊ ချင်းလန်းအသင်း (၃-၁) တက္ကသိုလ်များအသင်း ၊ Junior Lion အသင်း (၁-ဝ) ကချင်ယူနိုက်တက်အသင်း ၊ မြဝတီအသင်း (၂-၁) မောရဝတီအသင်း တို့ အသီးသီး ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။ ကဲ….ချစ်ပရိသတ်ကြီးရေ ယခုမှာတော့MPT Myanmar National League II 2020 အမှတ်ပေးဘောလုံးပြိုင်ပွဲ ပွဲစဉ်(၄)အပြီးမှာတော့ အသင်းတိုင်းရဲ့ အမှတ်ပေးဇယားရပ်တည်မှုနဲ့ ပွဲရလဒ်များကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Source & Photo Credit - National League II Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။