ပရိသတ်ကြီးရေ.. အနုပညာလောကနမှာ မိတ်ကပ်ပညာနဲ့ အောင်မြင်ကျော်ကြားကာ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေကို ရရှိခဲ့ပြီး သရုပ်ဆောင်ပိုင်းမှာလည်း ဇာတ်ကားတွေရိုက်ကူးကာ အနုပညာအလုပ်တွေ လုပ်ဆောင်နေသူကတော့ မိတ်ကပ်ခင်စန်းဝင်းပဲ ဖြစ်ပါတယ်နော်..။

မကြီးစန်းလို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ ခင်စန်းဝင်းကတော့ ဇာတ်ကားတွေလည်း ရိုက်ကူးလာပြီး သူမရဲ့ဘဝမှာ ပထမဆုံးရုပ်ရှင်ရိုက်ဖို့ ကမ်းလှမ်းခံခဲ့ရတဲ့ ဇာတ်ကားဟာ မင်းသားအခက်အခဲကြောင့် ယနေ့အချိန်ထိ မရိုက်ရသေးတဲ့အကြောင်းလေးတွေ ပြောပြလာပါတယ်နော်..။


Photo Credit - Khin San Win's FB Account
Photo Credit - Amazing Grace

သူမနဲ့လိုက်ဖက်တဲ့ ဇာတ်တွေရိုက်ဖို့ ကမ်းလှမ်းထားတာ ရှိပေမယ့် ဈေးကွက်အရနာမည်ကြီး မင်းသားဖြစ်ဖို့လိုနေပြီး နာမည်ကြီးမင်းသားတွေကလည်း အခုချိန်မှာ ရက်ချိန်းက ခက်လို့ ကားရိုက်ကျဲနေတာပ ဖြစ်သလို ဇာတ်ရုပ်တွေကမ်းလှမ်းရင်တော့ လိုက်တဲ့ဇာတ်ကရှားသလို သူမရဲ့ အနေအထားနဲ့ဆိုရင် နေရာယူဖို့လိုတာကာ နေရာပေးဖို့ကလည်း စူပါမင်းသမီးလည်း မဟုတ်တော့ နေရာပေးဖို့ခက်တာမို့ ဇာတ်လမ်းတိုင်း ရိုက်လို့မရသလို ကားရိုက်လည်းများချင်များမယ် ဆိုပြီး ပြောပြထားတာ ဖြစ်ပါတယ်..။

သူမရဲ့ဘဝမှာ ပထမဦးဆုံး ရုပ်ရှင်ရိုက်ဖို့ ကမ်းလှမ်းခံခဲ့ရတဲ့ ဇာတ်ကားကတော့ ဆရာမပုညခင်ရဲ့ ဇာတ်ဖြစ်ပြီး မြင့်မြတ်နဲ့ရိုက်ဖို့ ဇာတ်လမ်းပေးပြီးသားဖြစ်ပေမယ့် ရိုက်ဖို့ တစ်ပတ်နှစ်ပတ်လောက် အလိုမှာ မင်းသားက ဇာတ်ကို မကြိုက်လို့ မရိုက်ချင်ဘူးဆိုတာကြောင့် ဇာတ်ကောင်နဲ့ ကိုက်ညီမယ့် မင်းသားကို ရှိနေဆဲမို့ အခုထိ မရိုက်ဖြစ်သေးဘူး ဆိုပြီး ပြောပြထားတာပါ..။


Photo Credit - Amazing Grace
Photo Credit - PMZaw PAPARAZZI

မကြီးစန်းက သူမအနေနဲ့ကတော့ မင်းသားအခက်အခဲမှာ ဈေးကွက်ဝင်မင်းသားဖြစ်ဖြစ် မဖြစ်ဖြစ် မလိုအပ်ဘူး အနုပညာပဲအားပေးတဲ့ ပရိသတ်တွေအတွက်နဲ့ အနုပညာကောင်းရင် စင်တင်ပေးမယ့် ရုံပိုင်ရှင်တွေရှိရင်တော့ မျက်နှာသစ်တွေကို လက်တွဲခေါ်ဖို့ကတော့ အဆင်သင့်ပါပဲဆိုပြီးတော့လည်း ပြောပြထားပါသေးတယ်..။

“မကြီးကတော့ အနုပညာအလုပ်ဆိုတာတော့ လုပ်ဖြစ်သွားလို့ လုပ်ရတဲ့ ဒုတိယအလုပ်ဆိုတော့ ရိုက်ရင်းနဲ့လည်း ဝါသနာပါသွားတာပေါ့..” ဆိုပြီး ပြောပြထားတဲ့ မကြီးစန်းရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - Amazing Grace
Photo Credit - Khin San Win's FB Account

Photo Credit - Khin San Win's FB Account & Amazing Grace

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။