တင်းရင်းလှပတဲ့ခန္ဓာကိုယ်အချိုးအစားနဲ့ ချောမောလှပတဲ့ရုပ်ရည်လေးကို ပိုင်ဆိုင်ထားသူလေးကတော့ မင်းသမီးချောလေးဝါဆိုမိုးပါ။ သူမဟာ အဆိုတော်ဖြိုးလေးနဲ့အတူ‌ အားကျဖွယ်ရာကောင်းတဲ့ relationshipတစ်ခုကိုလည်း တည်ထောင်ထားတာဖြစ်ပါတယ်။ ဝါဆိုမိုးဦးဟာ လတ်တလောတွင် ပွဲအခမ်းအနားများတက်ရောက်နေပြီး သီချင်းတွေလည်းသီဆိုနေတာဖြစ်ပါတယိ

Photo Credit-Warso Moe Oo's Facebook acc
Photo Credit-Warso Moe Oo's Facebook acc

ဝါဆိုမိုးဦးဟာ မကြာသေးမီကသူမရဲ့facebookစာမျက်နှာတွင် "သူများပြောတဲ့စကားတွေနဲ့ ကိုယ့်ချစ်သူကို သံသယဝင်တယ်ဆိုတာသူများပေးတဲ့ဓားနဲ့ကိုယ့်ချစ်သူကို ထိုးလိုက်တာနဲ့အတူတူပဲ"ဆိုတဲ့စာသားလေးကိုရေးသားလာပါတယ်။ ဝါဆိုမိုးဦးနဲ့ ဖြိုးလေးဟာနှစ်အတော်ကြာ relationshipတစ်ခုကို တည်ထောင်ထားကြတာဖြစ်ပြီး တွဲလက်ခိုင်ခိုင်မာမာနဲ့ရှေ့ဆက်နေကြတာဖြစ်ပါတယ်။


Photo Credit-Warso Moe Oo's Facebook acc
Photo Credit-Warso Moe Oo's Facebook acc

ဝါဆိုမိုးဦးဟာ မကြာသေးခင်က အလိုအပ်ဆုံးအရာဆိုတဲ့ သီချင်းmtvကို ဖြိုးလေးနဲ့အတူတွဲဖက်သရုပ်ဆောင်ထားတာဖြစ်ပြီး ပရိတ်သတ်တွေအကြိုက်နဲ့ ထပ်တူကျတဲ့သီချင်းကောင်းလေးတစ်ပုဒ်ပါနော်။ ပရိတ်သတ်ကြီးလည်းဒီmtvလေးကိုကြည့်ရင်း ကြည်နူးနေကြမယ်ထင်ပါတယ်နော်။ ချစ်စရာကောင်းတဲ့ ဝါဆိုမိုးဦးနဲ့ဖြိုးလေးတို့ရဲ့ပုံရိပ်လေးတွေကို ပရိတ်သတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-Warso Moe Oo's Facebook acc
Photo Credit-Aung II

Source-Warso Moe Oo's Facebook acc

Photo Credit-Warso Moe Oo's Facebook acc/Aung II

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။