PHOTO CREDIT - GOOGLE

ဖိလစ်ပိုင်နိုင်ငံအတွင်းမှာတော့ သိပ်မကြာခင်မှာ Esports နဲ့ ပတ်သတ်တဲ့ဘွဲ့ဒီဂရီများကို တက္ကသိုလ်တွေမှာ သင်ကြားနိုင်တော့မယ်လို့သိရပါတယ်။

ထွက်ပေါ်လာတဲ့သတင်းများအရလည်း ဖိလစ်ပိုင်နိုင်ငံအတွင်းမှာ Bachelor of Science in Esports ဒီဂရီဘွဲ့ကို ပေးအပ်နိုင်ရန်အတွက် Tier One Entertainment က သင်းရိုးညွှန်းတမ်းတွေ ရေးဆွဲနေတယ်လို့သိရပါတယ်။

ဒီဘွဲ့ကိုရရှိဖို့အတွက်ကတော့ ဖိလစ်ပိုင်နိုင်ငံ Lyceum of the Philippines University မှာ ၄ နှစ်တာတက်ရောက်သင်ယူရမှာဖြစ်ပြီး လက်ရှိအချိန်မှာ သင်ရိုးညွှန်းတမ်းကို 80 ရာခိုင်နှုန်းလောက် ရေးဆွဲပြီးနေပြီပဲဖြစ်ပါတယ်။

သင်ရိုးညွှန်းတမ်းအရတော့ Bachelor of Science in Esports ဒီဂရီဘွဲ့လိုချင်တဲ့ ကျောင်းသားတွေဟာ Esports ဆိုင်ရာ စီမံခန့်ခွဲမှု ဘာသာရပ်နဲ့ game ဒီဇိုင်းရေးဆွဲခြင်းဘာသာရပ်တွေကို အဓိကထားသင်ယူသွားရမှာပဲဖြစ်ပါတယ်။

Tier One Entertainment ရဲ့ founder ဖြစ်တဲ့ Tryke Gutierrez ဟာဆိုရင်လည်း “ အခုရေးဆွဲနေတဲ့ သင်ရိုးညွန်းတမ်းဟာ အပျော်သက်သက်ရေးဆွဲထားတာ မဟုတ်တဲ့အတွက် ဒါကိုလေ့လာတဲ့နေရာမှာ လွယ်ကူအဆင်ပြေနေမှာတော့ မဟုတ်ပါဘူး ။ Esports လောကထဲမှာ ကြာကြာရပ်တည်နိုင်နေဖို့အတွက်ကလည်း အပြင်းအထန်ကြိုးစားအားထုတ်မှုတွေ ၊ ကျွမ်းကျင်မှုတွေ ၊ ပရော်ဖက်ရှင်နယ်ပီသဖို့တွေနဲ့ အခြားသောလိုအပ်ချက်တွေနဲ့လည်း ပြည်စုံနေဖို့လိုအပ်ပါတယ်။ဒါ့ကြောင့် ကျောင်းသားတွေကို ဒီအချက်အလက်တွေအားလုံး ကျွမ်းကျင်ပိုင်နိုင်လာအောင် ဒီသင်ရိုးညွှန်းတန်းထဲမှာ သင်ကြားပေးသွားမှာပါ “ လို့လည်း ပြောကြားထားပါသေးတယ်။

လက်ရှိရေးဆွဲနေတဲ့ ဒီသင်ရိုးညွှန်းတမ်းကိုလည်း ယခုလာမယ့် မတ်လအတွင်းမှာ ဖိလစ်ပိုင်နိုင်ငံ ရဲ့ အဆင့်မြင့်ပညာရေးဦးစီးဌာနကို တင်သွင်းသွားတော့မှာပဲဖြစ်ပါတယ်။

SEA နိုင်ငံတွေထဲမှာမှ Esports နဲ့ပတ်သတ်လာရင် ထပ်ဆုံးပိုင်းမှာရပ်တည်နေတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံအနေနဲ့လည်း Esports ကို ဘာသာရပ်တစ်ခုအနေနဲ့ သင်ယူနိုင်အောင် ကျိုးပမ်းနိုင်တာက လေးစားအားကျစရာတစ်ခုပါပဲ။

PHOTO CREDIT - WIKIPEDIA

SOURCE - AFK GAMING - DOTA 2

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။