ပရိသတ်ကြီးရေ.. ဇာဇာထက်လို့ ဆိုလိုက်တဲ့ အမိုက်စား အကြမ်းစား Sexy ကျကျ ပုံရိပ်တွေကြောင့် ပုရိသပရိသတ်တွေကြား နာမည်ကြီးရေပန်းစားနေတဲ့ ခပ်မိုက်မိုက် Sexy မော်လ်ဒယ် သရုပ်ဆောင်တစ်ဦးကို အားလုံးပဲပြေးမြင်မိကြမှာပါပဲနော်..။

ဇာဇာထက်ကတော့ အနုပညာလောကမှာ သူမအနေနဲ့ Sexy မော်လ်ဒယ်တစ်ယောက်အဖြစ် ရပ်တည်နေပေမယ့် သူမကို အသားယူစမ်းချင်တာတို့ ရှိခဲ့ပေမယ့် မလိုလားတဲ့ ပုံစံလေးတွေနဲ့ တုန့်ပြန်ကာ အသားယူပြီး Sex ကိစ္စကြောင့် လာချဉ်းကပ်တဲ့လူတွေကို ပြန်ရှက်သွားအောင် လုပ်ခဲ့တဲ့အကြောင်းလေးတွေကို ပြောပြလာပါတယ်..။


Photo Credit - Zar Htet's FB Account
Photo Credit - Zar Htet's FB Account

အောင်မြင်မှုကို လာကပ်ကြတာထက် Sexy မော်ယောက်တစ်ယောက်ဆိုပြီး Sex ကိစ္စနဲ့ ပတ်သက်ပြီးတော့ ရမလားဆိုပြီး စမ်းတာတွေ တော်တော်များများရှိပြီး အခုနောက်ပိုင်းမှာတော့ အသားယူစမ်းချင်ကြတဲ့ သူတွေကို ပညာပြန်ပေးကာ သူတို့လုပ်ရပ်ကို သူတို့ဘာသာ ပြန်ရှက်သွားအောင် လုပ်ခဲ့ရတဲ့ အကြောင်းလေးတွေကို ပြောပြလာတာ ဖြစ်ပါတယ်..။

သူမအနေနဲ့ လိုင်းပေါ် FB ပေါ်မှာ ဖော်ချင်ဖော်မယ် ချွတ်ချင်ချွတ်မယ် ဒါပေမယ့် ဓာတ်ပုံရိုက်တဲ့အခါ ပခုံးလာမဖက်နဲ့ မစမ်းနဲ့ မကြိုက်ဘူးဆိုပြီး ပြောရသလို ရတဲ့အချိန် အသားယူချင်တဲ့လူတွေနဲ့ အလုပ်တွဲလုပ်ရတဲ့ အခါမှာလည်း ခပ်တည်တည်ပဲနေကာ သူတို့လုပ်ရပ်ကို သူတို့ပြန်ရှက်သွားအောင် လုပ်တတ်တယ်ဆိုပြီး ပြောပြထားတာပါ..။


Photo Credit - Zar Htet's FB Account
Photo Credit - Zar Htet's FB Account

“အလုပ်လုပ်တဲ့အချိန်မှာ အလုပ်ပဲဆိုတော့ သူတို့ဘာလုပ်လုပ် ဂရုမစိုက်ဘူး ဘော်ဒါလိုပေါင်းနေလိုက်တယ် သိတယ် ပြုံးနေလိုက်တယ် ဒါမျိုးမလုပ်နဲ့ မကြိုက်ဘူး ပွင့်ပွင့်လင်းလင်းပြောလိုက်တယ် ဒါမျိုးလူမဟုတ်ဘူးလို့ ပြောလိုက်တဲ့အပေါ်မှာ သူတို့လည်း သူတို့ဘာသာ ရှက်သွားတာပေါ့ နောက်ဆိုမောင်နှမတွေဘာတွေဘာတွေဖြစ်ပြီး ဘော်ဒါတွေဖြစ်သွားတဲ့လူတွေလည်း ရှိပါတယ် ..” ဆိုပြီး ပြောပြထားပါသေးတယ်..။

ကဲ.. ပရိသတ်ကြီးရေ.. အနုပညာကိုချစ်ပြီး ကိုယ့်ရဲ့ရပ်တည်ချက်အပေါ် ခံယူချက်အပြည့်နဲ့ တန်ဖိုးထားလျှောက်လှမ်းနေတဲ့ Sexy မော်ဒယ်လ် ဇာဇာထက် ပြောပြထားတဲ့ သူမရဲ့ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - Zar Htet's FB Account
Photo Credit - Zar Htet's FB Account

Photo Credit - Zar Htet's FB Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။