လိုက်ဖက်ညီလွန်းလှတဲ့ စုံတွဲလေးအဖြစ် ပရိသတ်တွေ သတ်မှတ်ထားကြသူတွေကတော့ သရုပ်ဆောင် အဆိုတော် ရွှေထူးနဲ့ မင်းသမီးချောလေး ရွှေမှုံရတီပဲ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်စလုံးဟာ တစ်ယောက်အပေါ် တစ်ယောက်ထားရှိတဲ့ ချစ်ခြင်းမေတ္တာတွေဟာလည်း လူတိုင်းအားကျရလောက်အောင်ပါပဲ ။ အနုပညာအလုပ်တွေကိုလည်း တစ်ယောက်နဲ့တစ်ယောက် ကူညီဖေးမရင်းနဲ့ ကြိုးစားလုပ်ကိုင်နေတာလည်း ဖြစ်ပါတယ်။  

Photo Credit-Shwe Mhone Yati’s Facebook Account
Photo Credit-Shwe Mhone Yati’s Facebook Account
Photo Credit-Shwe Mhone Yati’s Facebook Account

လတ်တလောမှာလည်း သူတို့နှစ်ယောက်စလုံး " ကမ်း " ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်ရိုက်ကူးသရုပ်ဆောင်နေကြတာလည်း ဖြစ်ပါတယ်။ သူတို့နှစ်ယောက်လုံးရဲ့ အနုပညာလှုပ်ရှားမှုတိုင်းကိုလည်း လူမှုကွန်ယက်စာမျက်နှာများမှတစ်ဆင့် အမြဲဝေမျှပေးနေတာလည်း ဖြစ်ပါတယ်။ အခုမှာလည်း ရွှေမှုံရဲ့ Facebook Myday မှာ ဗီဒီယိုလေးတစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။  

Photo Credit-Shwe Mhone Yati’s Facebook Account
Photo Credit-Shwe Mhone Yati’s Facebook Account
Photo Credit-Shwe Mhone Yati’s Facebook Account

ဒါကတော့ ချစ်ခင်ပွန်း ရွှေထူးနဲ့အတူ ပထမဆုံး ဆော့ကစားထားတဲ့ Tik Tok Video လေးပဲ ဖြစ်ပါတယ်။ ရွှေမှုံလေးဟာ ခင်ပွန်းရဲ့ ချစ်ခင်ဂရုစိုက်မှုတွေကြောင့် တစ်နေ့တစ်ခြားပိုပိုအလှတွေတိုးလာတာလည်း ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ချစ်ခင်ပွန်းနဲ့အတူ အသည်းတွေယားသွားရလောက်အောင် Tik Tok လေးဆော့ကစားထားတဲ့ ရွှေမှုံရတီရဲ့Video လေးကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source and Photo Credit- Shwe Mhone Yati’s Facebook Myday

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။