စန္ဒီမြင့်လွင်ရဲ့ သမီးချောချောလေးဖြစ်တဲ့ Treasure လေးကတော့ (၇)လကျော်အရွယ်ကိုရောက်ရှိနေပြီး မေမေ့ရဲ့ပြုစုစောင့်ရှောက်မှုတွေအောက်မှာ ၀၀ကစ်ကစ်လေးနဲ့ ချစ်စရာကောင်းအောင်ကြီးပြင်းလာတာဖြစ်ပါတယ်။စန္ဒီမြင့်လွင်တို့ ဇနီးမောင်နှံဟာဆိုရင် သမီးလေးအတွက် အလုပ်တွေကိုလည်းကြိုးစားလုပ်ဆောင်နေကြပြီး သမီးလေးကို လိုလေသေးမရှိအောင် ထားပေးနေကြတာပါ။ပရိသတ်တွေကတော့ သာယာအေးချမ်းလှတဲ့ စန္ဒီမြင့်လွင်ရဲ့မိသားစုပုံရိပ်လေးတွေကို အမြဲစောင့်ကြည့်နေကြတာဖြစ်ပါတယ်။

Photo Credit:Thidar Khin's Facebook Account
Photo Credit:Thidar Khin's Facebook Account
Photo Credit:Sandy Myint Lwin's Facebook Account
Photo Credit:Sandy Myint Lwin's Facebook Account

Treasure လေးကတော့ မေမေနဲ့ချွတ်စွပ်တူပြီး နှုတ်ခမ်းလေးကလည်းအရမ်းအသည်းယားစရာကောင်းပါတယ်နော်။စန္ဒီမြင့်လွင်ရဲ့ချစ်ခင်ပွန်းကလည်း အားတဲ့အချိန်တိုင်းမှာ သမီးလေးနဲ့အတူတူဆော့ကစားပေးပြီး ထိန်းကျောင်းပေးနေတာဖြစ်ပါတယ်။စန္ဒီမြင့်လွင်ကလည်း အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်နဲ့ ပြန်လည်လုပ်ဆောင်နေပြီး ပရိသတ်တွေနဲ့အဆက်အသွယ်မပြတ်သွားအောင် သီချင်းအသစ်လေးတွေလည်း ထွက်ရှိထားတာပါနော်။

Photo Credit:Sandy Myint Lwin's Facebook Account
Photo Credit:Sandy Myint Lwin's Facebook Account
Photo Credit:Sandy Myint Lwin's Facebook Account

မေမေစန္ဒီမြင့်လွင်ကတော့ သမီးလေးရဲ့ထူးချွန်ထက်မြက်မှုတွေကိုလည်း အထူးဂရုစိုက်တာကြောင့် အခုဆိုရင်တော့ Heguru Yangon Centre မှာ သမီးလေးရဲ့ left brain right brain ကို လေ့ကျင့်ပေးဖို့အတွက် ကျောင်းပို့ပေးနေတာဖြစ်ပါတယ်။စန္ဒီမြင့်လွင်တို့ဇနီးမောင်နှံနှစ်ယောက်ကတော့ သမီးလေးနဲ့အတူတူ ကျောင်းမှာပျော်ပျော်ရွှင်ရွှင်နဲ့ လေ့ကျင့်နေကြပြီး နွေးထွေးသာယာနေတဲ့မိသားစုပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Sandy Myint Lwin's Facebook Account
Photo Credit:Sandy Myint Lwin's Facebook Account
Photo Credit:Sandy Myint Lwin's Facebook Account
Photo Credit:Sandy Myint Lwin's Facebook Account

Source&Photo Credit:Sandy Myint Lwin's Facebook Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။