အာရှဘောလုံးအဖွဲ့ချုပ် (AFC)မှ AFC Elite Youth Scheme Panel Visit အစီအစဉ်ဖြင့် AFC Youth Panel Member Mr. Peter De Roo ၊ မြန်မာနိုင်ငံ‌ ဘောလုံးအဖွဲ့ချုပ် နည်းစနစ်ဒါရိုက်တာ မစ္စတာအဲရစ်၊ လူငယ်ဖွံဖြိုးရေး ဒါရိုက်တာ ဦးညီညီလတ်တို့သည် ဖေဖော်ဝါရီလ ၂၆ရက်နေ့က မန္တလေးမြို့ရှိ အမျိုးသားဘောလုံးအကယ်ဒမီ (မန္တလေး)ကို လာရောက်ကြည့်ရှုခဲ့ပါတယ်။

Photo Credit - Myanmar Football Federation Facebook Page
Photo Credit - Myanmar Football Federation Facebook Page

AFC Elite Youth Scheme Panel Visit အစီအစဉ်ဖြင့် အမျိုးသားဘောလုံးအကယ်ဒမီ(ရန်ကုန်၊မန္တလေး၊ပုသိမ်)တို့ကို AFC 2 Star Assessmentရရှိနိုင်စေရန်အတွက် AFCမှ လာရောက်စစ်ဆေးခြင်း ဖြစ်ပြီး အမျိုးသားဘောလုံး အကယ်ဒမီ (မန္တလေး)မှ သက်တမ်းအလိုက်အသင်းများ၏ ပညာရေးနှင့် လေ့ကျင့်သင်ကြားရေး၊‌ လေ့ကျင့်ရေးကွင်းများ၊အထောက် အကူပြုပစ္စည်းများအတွက် ဆွေးနွေးမှုများပြုလုပ်ခဲ့ပါတယ်။

Photo Credit - Myanmar Football Federation Facebook Page
Photo Credit - Myanmar Football Federation Facebook Page

ဖေဖော်ဝါရီလ ၂၇ရက်နေ့တွင် AFC Elite Youth Scheme Panel Visit အစီအစဉ်ဖြင့် အမျိုးသား‌ ဘောလုံးအကယ်ဒမီ (ရန်ကုန်) ကို သွားရောက် ကြည့်ရှုမည်ဖြစ်တယ်လို့လည်းသိရပါတယ်။ဒါ့အပြင် လူငယ်ကစားသမားတွေရဲ့ ဘောလုံးကစားလေ့ကျင့်နေမှုတွေကိုလည်း တာဝန်ရှိသူများနှင့် အတူကြည့်ရှုခဲ့ကြပါတယ်။ ကဲ...ချစ်ပရိသတ်ကြီးရေ ယခုတစ်ခါမှာတော့ AFC Elite Youth Scheme Panel Visit အစီအစဉ်ဖြင့် အမျိုးသား ဘောလုံးအကယ်ဒမီ (မန္တလေး)သို့ AFCမှ တာဝန်ရှိသူ လာရောက်ကြည့်ရှုခဲ့တာကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ 

Source & Photo Credit - Myanmar Football Federation Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။