အလွမ်းအဆွေးတေးသီချင်းတွေနဲ့ နာမည်ကျော်ကြားလူကြိုက်များပြီး ဆယ်စုနှစ်တစ်ခုတိုင် ဂီတလမ်းကြောင်းမှာအောင်မြင်မှုများစွာနဲ့ ရပ်တည်နေတဲ့ သူလေးကတော့ အဆိုတော် အိမ့်ချစ်ပဲဖြစ်ပါတယ်။ အသံပါဝါကောင်းကောင်းနဲ့ သီဆိုတက်တဲ့ သူမရဲ့ ထွက်ရှိထားတဲ့ အယ်လ်ဘမ်တိုင်းကလည်း လူကြိုက်များရေပန်းစားတာကြောင့် အချိန်ခဏလေးအတွင်းမှာ အောင်မြင်ခဲ့တာလည်းဖြစ်ပါတယ်။ သူမရဲ့ ဖခင်ဖြစ်တဲ့ ချစ်ကောင်းရဲ့ ခြေရာကိုနင်းနိုင်တဲ့ သူလို့ အများရဲ့ ချီးကျူးခြင်းကိုလည်းခံရသူပဲဖြစ်ပါတယ်။

Photo credit - Eint Chit's FB account

အခုလက်ရှိမှာလည်း အိမ့်ချစ်က သီချင်းအသစ်တွေကို ဆက်လက်ထွက်ရှိနိုင်ဖို့အတွက် ကြိုးစားလုပ်ကိုင်နေတာလည်းဖြစ်ပါတယ်။ ဒါ့အပြင်သူမရဲ့ အချစ်ရေးဟာလည်း ပရိသတ်တွေအားကျရလောက်တဲ့အတွက် အချစ်ရေးမှာလည်း ကံကောင်းနေသူပဲဖြစ်ပါတယ်။ မိဘအပေါ်သိတက်ပြီး လိမ္မာရေးခြားရှိတဲ့ သူမက ဘာသာတရားကိုလည်း အလွန်ကိုင်းရှိုင်းတဲ့ သူပဲဖြစ်ပါတယ်။ မကြာသေးမီက သွားရောက်ဖူးမြှော်ခဲ့တဲ့ ဗုဒ္ဓဂါယာ ဘုရားက အမှတ်တရပုံရိပ်လေးတွေကို သူမရဲ့ ဖေ့ဘွတ်စာမျက်နှာကနေ တင်ပေးလာတာပဲဖြစ်ပါတယ်။

Photo credit - Eint Chit's FB account
Photo credit - Eint Chit's FB account

ဒါ့အပြင် အိမ့်ချစ်က " မဟာဗောဓိစေတီက ဖုန်းယူလို့မရတော့ ကင်မရာနဲ့ပဲ ရိုက်ခဲ့ရတဲ့ပုံလေးတွေခုမှရလို့ save ပါရစေ " ဆိုတဲ့ စာသားလေးကို ရေးသားတင်ထားပါသေးတယ်။ ချစ်ပရိသတ်ကြီးအတွက် အဆိုတော်အိမ့်ချစ်ရဲ့ ဗုဒ္ဓဂါယာက ဘုရားဖူးပုံရိပ်တွေကို ကြည့်ရှုနိုင်ရန်အတွက ်ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။ ပရိသတ်ကြီးလည်း သူမရဲ့ ပုံလေးတွေကို ကြည့်ရင်းအသည်းလေးတွေပေးခဲ့ဖို့မမေ့လိုက်ပါနဲ့အုန်းနော်...။

Photo credit - Eint Chit's FB account
Photo credit - Eint Chit's FB account
Photo credit - Eint Chit's FB account

Source & Photo credit - Eint Chit's FB account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။