ဝါရင့်အနုပညာရှင်တစ်ဦးဖြစ်တဲ့ မင်းသမီးချော လင်းဇာနည်ဇော်ကတော့ ဗီဒီယို၊ရုပ်ရှင်ဇာတ်ကားတွေနဲ့ ပရိသတ်တွေအပေါ်မှာ အချိန်အတော်ကြာ လွှမ်းမိုးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ယနေ့အချိန်အထိ အနုပညာလှုပ်ရှားမှုတွေကို ဆက်လက်လုပ်ကိုင်နေတဲ့ လင်းဇာနည်ဇော်က တစ်ဖက်မှာလည်း မိသားစုစီးပွားရေးဖြစ်တဲ့ ရွှေခေါက်ဆွဲလုပ်ငန်းကို လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ ပရိသတ်တွေချစ်ရတဲ့ လင်းဇာနည်ဇော်က အခုချိန်အထိ အရွယ်တင်နုပျိုပြီး လှသွေးကြွယ်နေဆဲလည်း ဖြစ်ပါတယ်။

Photo Credit-Lin Zarni Zaw's FB Acc
Photo Credit-Lin Zarni Zaw's FB Acc
Photo Credit-Lin Zarni Zaw's FB Acc

လင်းဇာနည်ဇော်အနေနဲ့ အရမ်းကိုချောမောလှပပြီး ချစ်စရာကောင်းတဲ့ အမေတူသမီးချောလေးကို ပိုင်ဆိုင်ထားရတာလည်း ဖြစ်ပါတယ်။ ဘိုမရုပ်လေးနဲ့တူတဲ့ လင်းဇာနည်ဇော်ရဲ့သမီးချောလေးက သြစတေးလျနိုင်ငံမှာ ပညာသွားရောက်သင်ကြားခဲ့တာ ဖြစ်ပါတယ်။ အခုတော့ လင်းဇာနည်ဇော်က နှစ်တွေအကြာကြီးခွဲခွာပြီးမှ မြန်မာနိုင်ငံကို ပြန်လာရောက်ရှိလာတဲ့ သမီးလေးနဲ့အတူ အပြင်ထွက်လည်ပတ်ခဲ့ပါတယ်။

Photo Credit-Lin Zarni Zaw's FB Acc
Photo Credit-Lin Zarni Zaw's FB Acc
Photo Credit-Lin Zarni Zaw's FB Acc

လင်းဇာနည်ဇော်က " ဂဂျစ်မနဲ့တစ်နေ့တာ " ဆိုပြီး သားအမိနှစ်ယောက်မုန့်ထွက်စားရင်း ပျော်ပျော်ရွှင်ရွှင် ရိုက်ကူးထားတဲ့ ပုံလေးတွေကို တင်ထားတာ ဖြစ်ပါတယ်။ ရုပ်ချင်းဆင်တဲ့ လင်းဇာနည်ဇော်တို့သားအမိနှစ်ယောက်ကတော့ အရမ်းကိုကြည်နူးပျော်ရွှင်နေကြတာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် လင်းဇာနည်ဇော်တို့သားအမိနှစ်ယောက်ရဲ့ ချစ်စရာကောင်းတဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Photo Credit-Lin Zarni Zaw's FB Acc 

Photo Credit-Lin Zarni Zaw's FB Acc
Photo Credit-Lin Zarni Zaw's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။