ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားသူကတော့ အဆိုတော်မလေး ဝိုင်းစုခိုင်သိန်းပဲ ဖြစ်ပါတယ်။ သူမရဲ့ အသံလေးဟာ သာယာနာပျော်ဖွယ်ကောင်းပြီး နားထောင်သူတိုင်းကို စိတ်ကြည်နူးစေတာလည်း ဖြစ်ပါတယ်။ သူမရဲ့ သီချင်းဟောင်းလေးတွေဟာလည်း ယနေ့ထိတိုင် ပရိသတ်တွေနားထဲမှာ ပျံ့လွင့်ကြားနေရဆဲလည်း ဖြစ်ပါတယ် ။

Photo Credit - Khun Htun Linn Aung Photography
Photo Credit - Khun Htun Linn Aung Photography
Photo Credit - Khun Htun Linn Aung Photography

မကြာသေးခင်ကလည်း နွားကျောင်းသူ ဆိုတဲ့ တေးစီးရီးထွက်ရှိထားတာပဲဖြစ်ပြီး ဒီအခွေလေးဟာ လတ်တလောမှာ ပရိသတ်တွေကြားမှာ နာမည်ကြီး ရေပန်းစားနေတာလည်း ဖြစ်ပါတယ်။ ဝိုင်းစုဟာ ချစ်သူ အောင်လနဲ့အတူ ကြည်နူးစရာကောင်းတဲ့ အချစ်ခရီးလမ်းကို အတူတူ လျှောက်လှမ်းနေကြတာလည်း ဖြစ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့ သီချင်းတွေကို အတူတကွ ဖန်တီးနေကြတာလည်း ဖြစ်ပါတယ်။

Photo Credit - Khun Htun Linn Aung Photography
Photo Credit - Khun Htun Linn Aung Photography
Photo Credit - Khun Htun Linn Aung Photography

အခုမှာလည်း သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ အမှတ်တရ ဓာတ်ပုံလေးတွေ တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ Joox Top 10 Of The Year ဆုကို ရရှိခဲ့တဲ့အတွက် " ချစ်ဆုံးတွေပေးတဲ့ ချစ်သက်လက်ဆောင်

နောက်လည်း အမြဲချစ်ပေးနော်လို့ " ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ဝိုင်းစုရဲ့ပုံရိပ်လေးကို တင်ဆက်ပေးလိုက်ရပါတယ်နော်။

Source and Photo Credit - Wyne Su Khaing Thein's Facebook Page And Khun Htun Linn Aung Photography 

Photo Credit - Khun Htun Linn Aung Photography
Photo Credit - Khun Htun Linn Aung Photography
Photo Credit - Khun Htun Linn Aung Photography

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။