ပရိသတ်ကြီးရေ အကယ်ဒမီများရှင်ဝါဝါဝင်းရွှေကတော့ တစ်ခေတ်တစ်ခါမှာ လူကြိုက်များရေပန်းစားခဲ့တဲ့ မင်းသမီးတစ်လက်ဖြစ်ပါတယ်။ဝါဝါဝင်းရွှေရဲ့အရမ်းလှတဲ့ နှုတ်ခမ်းလေးကလည်း သူမရဲ့အလှတွေကို တမူထူးခြားအောင်ပံ့ပိုးပေးတာကြောင့် ဘယ်သူနဲ့မှမတူတဲ့အလှပိုင်ရှင်လေးပါနော်။တစ်ခေတ်တစ်ခါမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေအများအပြားကို ရိုက်ကူးခဲ့ပြီး ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေနဲ့ ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်လာခဲ့ပါတယ်။

Photo Credit:Wa Wa Win Shwe's Facebook Account
Photo Credit:Wa Wa Win Shwe's Facebook Account
Photo Credit:Wa Wa Win Shwe's Facebook Account

ယနေ့အချိန်ထိလည်း ပရိသတ်တွေရဲ့ချစ်ခြင်းမေတ္တာတွေကို ပိုင်ဆိုင်ထားဆဲဖြစ်တဲ့ ဝါဝါဝင်းရွှေက အနုပညာအလုပ်တွေကိုလည်း ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေပြီး နုပျိုလှပနေဆဲဖြစ်ပါတယ်နော်။ဝါဝါဝင်းရွှေက ပျော်ရွှင်နွေးထွေးတဲ့ မိသားစုဘဝလေးမှာ အေးအေးချမ်းချမ်းနေထိုင်ပြီး လိမ္မာသိတတ်တဲ့သားသမီးတွေ၊မြေးတွေကြောင့် အမြဲစိတ်ချမ်းသာနေရတာပါ။အခုဆိုရင်လည်း ဝါဝါဝင်းရွှေက သူမရဲ့သားကြီးအတွက် မွေးနေ့ဆုမွန်ကောင်းလေးကို အောက်ပါအတိုင်းရေးသားထားတာဖြစ်ပါတယ်။

Photo Credit:Wa Wa Win Shwe's Facebook Account
Photo Credit:Wa Wa Win Shwe's Facebook Account

"27' February မှာသားကြီးဟာ ဒယ်ဒီ မာမီ အဖိုး အဖွား ဦးလေးအဒေါ်အစ်မတွေအားလုံးအတွက်ပျော်ရွှင် ခြင်းကိုသယ်ဆောင်လာပေးခဲ့တယ်။ဒါ့ကြောင့်လည်းအားလုံးရဲ့အချစ်တွေ စု လို့ ချစ်စု လို့ယနေ့တိုင် ချစ်စုလို့ပဲခေါ်ခဲ့ကြတယ်။သားကြီးဟာ မာမီတို့ရဲ့ အားဖြစ်ခဲ့ရတယ်။ဒယ်ဒီမကျန်းမာစဉ်ကလည်းအဖေ့နားမှာအချိန်ပြည့်ပြုစုပေးခဲ့တယ်။ခုဒယ်ဒီမရှိတဲ့နောက်ပိုင်းမှာတော့ မာမီမျက်နှာကိုအညှိုးမခံဘဲ အရိပ်ကြည့်သလိုနေပေးပြီးအချိန်ပြည့် စောင့်ရှောက်ပေးတဲ့ သားကြီး ဘုန်းတော်ကြီးလို့ သက်တော်ရှည်ပါစေ မိဖကိုပြုစုရတဲ့အကျိုးထူးများခံစားနိုင်ပါစေသားတို့မိသားစုလည်းကောင်းမြတ်သောဆုတွေနဲ့ ပြည့်စုံနှိုင်ပါစေကြောင်းဆုတောင်းလိုက်ပါတယ်။"ဆိုပြီး ရေးသားမျှဝေထားပါတယ်နော်။

Photo Credit:Wa Wa Win Shwe's Facebook Account
Photo Credit:Wa Wa Win Shwe's Facebook Account
Photo Credit:Wa Wa Win Shwe's Facebook Account

Source&Photo Credit:Wa Wa Win Shwe's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။