ပရိသတ်ကြီးရေ တက်သစ်စမော်ဒယ်လ်မင်းသားလေးအဖြစ် အနုပညာလောကကို စတင်ဝင်ရောက်ခဲ့ပြီး နောက်ပိုင်းမှာ ရုပ်ရှင်သရုပ်ဆောင်အဖြစ် လုပ်ကိုင်ခဲ့ကာ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော် တစ်ယောက်ဖြစ်လာခဲ့တဲ့ သူကတော့ မင်းသားချောလေး ငြိမ်းသော်ပဲဖြစ်ပါတယ်။ သူရဲ့ စူးရှတဲ့ အကြည့်တွေကြောင့် မိန်းကလေးပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိခဲ့သူပဲဖြစ်ပါတယ်။ လူငယ်တစ်ဦးပီပီ တက်ကြွတဲ့ ပုံစံလေးတွေကြောင့် ပရိသတ်တွေရဲ့ အချစ်တွေကို အချိန်တိုအတွင်းမှာ သိမ်းပိုက်ထားနိုင်တဲ့ သူတစ်ဦးပဲဖြစ်ပါတယ်။

Photo credit - Nyein Thaw's FB account
Photo credit - Nyein Thaw's FB account

အနုပညာနယ်ပယ်မှာနေရာတစ်ခုကို ရောက်လာပြီဖြစ်တဲ့ ငြိမ်းသော်က အောင်မြင်မှုပန်းတိုင်ကို အရောက်သွားနိုင်ဖို့ အတွက် သူချစ်ရတဲ့ ပရိသတ်တွေရဲ့ အားပေးမှုတွေများစွာလိုအပ်ပါတယ်။မင်သားချောလေး ငြိမ်းသော်က ခရီးသွားရတာကို ကြိုက်နှစ်သက်သူဖြစ်တာကြောင့် သူ့ရဲ့ အားလပ်တဲ့အချိန်လေးတွေမှာ ခရီးတွေ ထွက်နေတာလည်းဖြစ်ပါတယ်။ အခုလက်ရှိမှာလည်း သူက ပုဂံမြို့ကို ဘုရားဖူးသွားရောက်နေတာပဲဖြစ်ပါတယ်။

Photo credit - Nyein Thaw's FB account
Photo credit - Nyein Thaw's FB account

မကြာသေးမီက သူရဲ့ ဖေ့ဘွတ်စာမျက်နှာပေါ်မှာ " Where are you မဏိစန္ဒာ ?? "ဆိုတဲ့ စာသားလေးနဲ့အတူ သူရဲ့ ယောကျ်ားပီသပြီး ခန့်ညားတဲ့ ဘုရားဖူးပုံရိပ်တွေကို တင်ပေးလာတာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်ကြီးအတွက် မော်ဒယ်လ်မင်းသားချောလေး ငြိမ်းသော်ရဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။ ငြိမ်းသော်ရဲ့ ဆက်လက်လှုပ်ရှားမယ့်အနုပညာအလုပ်တွေကိုလည်း ပရိသတ်ကြီးက အားပေးကြမယ်မလား...။

Photo credit - Nyein Thaw's FB account
Photo credit - Nyein Thaw's FB account

Source & Photo credit - Nyein Thaw's FB account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။