MPT မြန်မာနေရှင်နယ်လိဂ် လူငယ်( ယူ-၁၉ ) ၂၀၂၀ အမှတ်ပေးဘောလုံး ပြိုင်ပွဲ ပွဲစဉ်(၇) တစ်ပွဲအဖြစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ညနေ ၃နာရီ ၃၀ မိနစ် အချိန်တွင် တောင်ဒဂုံဘောလုံးကွင်းမှာ ယောမြေယူ-၁၉ အသင်း နှင့် ချင်းယူနိုက်တက်ယူ-၁၉ အသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။ ယင်းပွဲစဉ်မှာတော့ ချင်းယူနိုက်တက်အသင်းက ယောမြအသင်းကို (၂-၁) ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။

Photo Credit - Myanmar National League Facebook Page
Photo Credit - Myanmar National League Facebook Page

ပြိုင်ဆိုင်မှုအားကောင်းလာတဲ့ ပွဲစဉ် (၇) အဖြစ် နှစ်ဖက်အသင်းစလုံးက အပြန်အလှန်သွင်းဂိုးများကြောင့် အကြိတ်အနယ် ယှဉ်ပြိုင်ကစားကာ ပွဲစဉ်ကောင်းတစ်ပွဲဖြစ်ခဲ့ပြီး ဂိုးကန်သွင်းမှုတွေရရှိခဲ့ပေမယ့်လည်း ဂိုးအဖြစ်အသုံးချနိုင်ခြင်းမရှိတာကြောင့် ပထမပိုင်းမှာ နှစ်ဖက်အသင်းစလုံးက ဂိုးမရှိခဲ့ပါဘူး။ ဒုတိယပိုင်း မှာတော့ ချင်းယူနိုက်တက်အသင်းအတွက် အနိုင်ဂိုး နှစ်ဂိုးကို ဖိုးချစ်တစ်ဦးတည်းမှ ပွဲချိန် ၇၃ မိနစ် ၊ ၇၇ မိနစ် တို့မှာ သွင်းယူပေးခဲ့ပါတယ်။

Photo Credit - Myanmar National League Facebook Page
Photo Credit - Myanmar National League Facebook Page

ယောမြေအသင်းအတွက် ခြေပဂိုးတစ်ဂိုးကို ဖိုးသီဟ က ပွဲချိန် ၈၅ မိနစ်မှာ ပြန်လည်သွင်းယူပေးခဲ့ပြီး ပွဲချိန်ပြီးဆုံးချိန်မှာတော့ ချင်းယူနိုက်တက်ယူ-၁၉ အသင်းက ယောမြေယူ-၁၉ အသင်းကို (၂-၁) ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။ ကဲ….ချစ်ပရိသတ်ကြီးရေ ယခုမှာတော့ MPT မြန်မာနေရှင်နယ်လိဂ် လူငယ်( ယူ-၁၉) ပွဲစဉ်(၇) အဖြစ် ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ယောမြေအသင်း နှင့် ချင်းယူနိုက်တက်အသင်းတို့ရဲ့ ပွဲရလဒ်တွေကိုပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Source & Photo Credit - Myanmar National League Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။