အဆိုတော်အဖြစ်ရော သရုပ်ဆောင်အဖြစ်ပါ အနုပညာအလုပ်တွေကို ပိုင်ပိုင်နိုင်နိုင်လုပ်ကိုင်ခဲ့တဲ့ စန္ဒီမြင့်လွင်က အခုတော့ အိမ်ထောင်ကျပြီး သမီးလေးတစ်ယောက် ပိုင်ဆိုင်ထားရပြီ ဖြစ်ပါတယ်။ ခင်လင်းထင်လို့ နာမည်လှလှလေးပေးထားတဲ့ သမီးလေးကိုတော့ မေမေစန္ဒီမြင့်လွင်က Treasure လေးလို့လည်း ချစ်စနိုးခေါ်ဝေါ်တာ ဖြစ်ပါတယ်။ ပါးဖောင်းဖောင်းလေးတွေနဲ့ ချစ်ဖို့ကောင်းတဲ့ စန္ဒီမြင့်လွင်ရဲ့သမီးလေးက ပရိသတ်တွေရဲ့အချစ်တော်လေးဖြစ်လို့နေပြီလည်း ဖြစ်ပါတယ်။

Photo Credit-Sandy Myint Lwin's FB Page
Photo Credit-Khin Lin Htin - Treasure's FB Page
Photo Credit-Khin Lin Htin - Treasure's FB Page

မြင်သူတိုင်းမချစ်ဘဲ မနေနိုင်ရလောက်အောင် အသည်းယားစရာကောင်းလွန်းတဲ့ Treasure လေးရဲ့ပုံလေးတွေကိုတော့ မေမေစန္ဒီမြင့်လွင်က အမြဲတမ်းမျှဝေပေးနေတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ပရိသတ်တွေက လုံးလုံးကစ်ကစ်လေးနဲ့ Treasure လေးကို အချစ်တွေပိုနေရတာ ဖြစ်ပါတယ်။ အခုလည်း စန္ဒီမြင့်လွင်က မြန်မာဝတ်စုံသေးသေးလေးကိုဝတ်ပြီး အရမ်းချစ်ဖို့ကောင်းနေတဲ့ သမီးချောလေးရဲ့ပုံလေးတွေကို မျှဝေပေးထားပါတယ်။

Photo Credit-Khin Lin Htin - Treasure's FB Page
Photo Credit-Khin Lin Htin - Treasure's FB Page
Photo Credit-Khin Lin Htin - Treasure's FB Page
Photo Credit-Khin Lin Htin - Treasure's FB Page

စန္ဒီမြင့်လွင်က " ခင်လင်းထင် ခေါ်ထရက်ရှာ ပါရှင် မင်းသမီးပိုးထည်တိုက်ကပိုးချည်ဝမ်းဆက်လေးနဲ့ပါရှင့် အခုသမီး၈လပြည့်တော့မယ်ရှင့် မန်းမန်းတွေလဲများကြီးစားနေပါပီရှင့် " ဆိုပြီး သမီးလေးရဲ့ပုံလေးတွေကို တင်ထားတာ ဖြစ်ပါတယ်။ Treasure လေးကတော့ မေမေစီစဉ်ပေးတဲ့ မြန်မာဝတ်စုံဝမ်းဆက်လေးဝတ်ထားပြီး အရမ်းကိုအူယားစရာကောင်းနေတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် စန္ဒီမြင့်လွင်သမီးလေးရဲ့ချစ်စရာပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Photo Credit-Khin Lin Htin - Treasure's FB Page 

Photo Credit-Khin Lin Htin - Treasure's FB Page
Photo Credit-Khin Lin Htin - Treasure's FB Page
Photo Credit-Khin Lin Htin - Treasure's FB Page
Photo Credit-Khin Lin Htin - Treasure's FB Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။