ပရိတ်သတ်ကြီးရေ ပန်းနုသွေးဇာတ်လမ်းတွဲနဲ့စတင်အောင်မြင်လာခဲ့တဲ့ Mrtv-4ရဲ့ချစ်စရာမင်းသမီးချောလေးမေမြင့်မိုရ်ကိုသိကြတယ်မလား။ သူမဟာ မတူညီတဲ့ဇာတ်ရုပ်မျိုးစုံကို အကောင်းဆုံးသရုပ်ဆောင်နိုင်တာကြောင့် Rising Star Awardဆုကိုလည်း ထိုက်ထိုက်တန်တန်ရရှိထားတဲ့ မင်းသမီးချောလေးဖြစ်ပါတယ်။ မေမြင့်မိုရ်ဟာ ယခုဆိုရင်ဇာတ်လမ်းတွဲများသာမက ရုပ်ရှင်ကားကြီးလည်း ရိုက်ကူးအောင်မြင်နေပြီပဲဖြစ်ပါတယ်။


Photo Credit-May Myint Mo's Facebook acc
Photo Credit-May Myint Mo's Facebook acc

မေမြင့်မိုရ်ဟာမကြာသေးမီက သူမရဲ့facebookစာမျက်နှာတွင် "မင်းလေးကြိုက်တဲ့အသီးလေး ကိုယ်ခူးနေတယ်"ဆိုတဲ့ captionလေးနဲ့ ပုံလေးတွေတင်ပေးလာပါတယ်။ သူမဟာ သာယာလှပတဲ့လိမ္မော်ခြံကြီးထဲမှာ ပလိုင်းလေးလွယ်ရင်း လိမ္မော်သီးခူးကာ ချစ်စရာပို့စ်လေးတွေနဲ့ ဓာတ်ဖမ်းနေတာဖြစ်ပါတယ်။ မေမြင့်မိုရ်ဟာ အမြဲတန်းရိုးရိုးယဉ်ယဉ်လေးနဲ့ လုံလုံခြုံခြုံအဝတ်အစားလေးတွေကိုပဲ ဝတ်ဆင်လေ့ရှိပြီး ကျက်သရေရှိတဲ့အလှတရားမျိုးလေးကို ပိုင်ဆိုင်ထားတဲ့မင်းသမီးလေးလို့ဆိုရင် မှားမယ်မထင်ပါဘူးနော်။


Photo Credit-May Myint Mo's Facebook acc
Photo Credit-May Myint Mo's Facebook acc

မေမြင့်မိုရ်ဟာလတ်တလောတွင် ပွဲအခမ်းအနားများတက်ရောက်နေပြီး ဇာတ်လမ်းတွဲတွေလည်း တောက်လျှောက်ရိုက်ကူးနေတာဖြစ်ပါတယ်။ အနုပညာလုပ်ငန်းတွေကို ခြေလှမ်းစိပ်စိပ်နဲ့အောင်မြင်အောင် လုပ်ဆောင်နေတဲ့ မင်းသမီးချောလေးမေမြင့်မိုရ်ကို ပရိတ်သတ်ကြီးချစ်ခင်အားပေးကြမယ်မလား။ လိမ္မော်ခြံလေးထဲမှာ ချစ်စရာကောင်းစွာဓာတ်ဖမ်းထားတဲ့ မေမြင့်မိုရ်ရဲ့ပုံရိပ်တွေကို ပရိတ်သတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-May Myint Mo's Facebook acc
Photo Credit-May Myint Mo's Facebook acc

Source-May Myint Mo's Facebook acc

Photo Credit-May Myint Mo's Facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။