ဝါသနာပါရာ အလုပ်တွေကို အောင်မြင်မှုတွေများစွာရရှိအောင် ကြိုးစားလုပ်ကိုင်နေသူလေးကတော့ ပရိသတ်အချစ်တော် မင်းသမီးချောလေး နေခြည်ဦးပဲ ဖြစ်ပါတယ်။ သူမဟာ မင်းသမီးလေးတစ်ယောက်ဖြစ်ရုံသာမကဘဲ မိန်းကလေးတွေ ချစ်စရာကောင်းပြီးလှပစေရန် makeup tutorial လေးတွေလည်း အမြဲပြင်ဆင်ကာ တင်ပေးလေ့ရှိသူတစ်ယောက်လည်း ဖြစ်ပါတယ်။ သူမရဲ့ ပွင့်လင်းတဲ့ စိတ်ထားလေးကြောင့်လည်း ပရိသတ်တွေက အားပေးချစ်ခင်နေကြတာလည်း ဖြစ်ပါတယ်။

Photo Credit - Nay Chi Oo's Facebook Account
Photo Credit - Nay Chi Oo's Facebook Account
Photo Credit - Nay Chi Oo's Facebook Account

လတ်တလောမှာလည်း သူမပါဝင်သရုပ်ဆောင်ထားတဲ့ အိမ်မက်တွေ မိုးထားတဲ့အိမ် ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲပြသနေပြီပဲဖြစ်ပြီး ပရိသတ်တွေရဲ့ တစ်ခဲနက် အားပေးခြင်းကို ရရှိထားတာလည်း ဖြစ်ပါတယ်။ လတ်တလောမှာလည်း ချီချီတစ်ယောက် ကြော်ငြာလေးတွေ ရိုက်ကူးနေပြီး ပွဲအခမ်းအနားတွေကိုလည်း တက်ရောက်နေတာလည်း ဖြစ်ပါတယ်။

Photo Credit - Nay Chi Oo's Facebook Account
Photo Credit - Nay Chi Oo's Facebook Account
Photo Credit - Nay Chi Oo's Facebook Account

အခုမှာလည်း သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဓာတ်ပုံလေးတွေ တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ အထာလေးတော့ ထားတတ်ရတယ်

#naychioo #chichiootd

#dramaticlifestyle ဆိုပြီး ရေးသားထားပြီး အမိုက်စားပုံရိပ်လေးတွေ တင်ထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် တစ်ကိုယ်လုံးကိုBranded တွေချည်းဝတ်ဆင်ထားကာ အထာကျကျမိုက်နေတဲ့ နေခြည်ဦးရဲ့ ပုံရိပ်လေးတွေ တင်ဆက်ပေးလိုက်ပါတယ်နော်။

Source and Photo Credit - Nay Chi Oo's Facebook Account

Photo Credit - Nay Chi Oo's Facebook Account
Photo Credit - Nay Chi Oo's Facebook Account
Photo Credit - Nay Chi Oo's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။